၂ ရာ 1:9Common Language Bibleထိုအခါမင်းကြီးက``ငါသည်ပြင်းစွာဒဏ် ရာရသဖြင့်သေခါနီးပြီ။ ထို့ကြောင့်လာ ၍ငါ့အားသတ်လော့'' ဟုမိန့်တော်မူပါ၏။- အခန်းကိုကြည့်ပါ။ |
သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဋ္ဌားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဋ္ဌားကိုဆွဲ ထုတ်ပြီးလျှင် ဋ္ဌားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။-
ထိုအခါသူသည်မိမိ၏လက်နက်ကိုကိုင် ဆောင်သောလူငယ်အား အလျင်အမြန်ခေါ် ပြီးလျှင်``သင်၏ဋ္ဌားကိုဋ္ဌားအိမ်မှထုတ်၍ ငါ့ကိုသတ်လော့။ ငါသည်အမျိုးသမီး၏ လက်ချက်ဖြင့်သေရသည်ဟူ၍အပြောမခံ လို'' ဟုဆို၏။ သို့ဖြစ်၍လူငယ်သည်အဘိ မလက်အားဋ္ဌားနှင့်ထိုး၍သတ်လိုက်လေ သည်။-
မင်းကြီးသည်လက်နက်ဆောင်လူငယ်အား``ဤ ဘုရားမဲ့သူဖိလိတ္တိအမျိုးသားတို့သည်နှစ် ထောင်းအားရဖြစ်လျက် ငါ့ကိုညှင်းဆဲသတ် ဖြတ်မှုမပြုနိုင်စေရန် သင်သည်မိမိ၏ဋ္ဌား ကိုထုတ်၍ငါ့အားသတ်ပါလော့'' ဟုဆို၏။ သို့ရာတွင်ထိုလူငယ်သည်ကြောက်အားကြီး သဖြင့် မသတ်ရဲသောကြောင့်ရှောလုသည် မိမိ၏ဋ္ဌားကိုယူ၍ထောင်ပြီးလျှင် ထို ဋ္ဌားပေါ်တွင်လှဲချလျက်သေလေသည်။-