၂ ရာ 1:10Common Language Bibleမင်းကြီးလဲလျှင်လဲချင်းသက်တော်ဆုံး တော့မည်ကိုသိသဖြင့်ကျွန်တော်သည်သူ့ အားသတ်ပြီးလျှင် သူ၏ဦးခေါင်းမှသရဖူ နှင့်လက်မောင်းမှလက်ကောက်တော်ကိုဖြုတ် ၍အရှင့်ထံသို့ယူဆောင်ခဲ့ပါသည်'' ဟု လျှောက်၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီးသည်မိလကုံနတ်ဘုရားရုပ်တု၏ ဦးခေါင်းမှရွှေသရဖူကိုယူ၍ဆောင်းတော် မူ၏။ ထိုသရဖူကားအလေးချိန်ခွက်တစ် ဆယ်ရှိ၍အဖိုးထိုက်သည့်ကျောက်မျက်တစ် လုံးတပ်ဆင်ထား၏။ မင်းကြီးသည်ကျောက် မျက်ကိုချွတ်၍မိမိသရဖူတွင်တပ်ဆင်၏။ မင်းကြီးသည်ထိုမြို့မှတိုက်ရာပါပစ္စည်း အမြောက်အမြားကိုလည်းသိမ်းယူတော် မူ၏။-
အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။
ထိုအခါသူသည်မိမိ၏လက်နက်ကိုကိုင် ဆောင်သောလူငယ်အား အလျင်အမြန်ခေါ် ပြီးလျှင်``သင်၏ဋ္ဌားကိုဋ္ဌားအိမ်မှထုတ်၍ ငါ့ကိုသတ်လော့။ ငါသည်အမျိုးသမီး၏ လက်ချက်ဖြင့်သေရသည်ဟူ၍အပြောမခံ လို'' ဟုဆို၏။ သို့ဖြစ်၍လူငယ်သည်အဘိ မလက်အားဋ္ဌားနှင့်ထိုး၍သတ်လိုက်လေ သည်။-