Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 8:11

Common Language Bible

သို့​ဖြစ်​၍​ထို​အ​မှု​ကို​ဆက်​လက်​ဆောင်​ရွက် ကာ​အ​ဆုံး​သတ်​ကြ​လော့။ သင်​တို့​သည်​ထို အ​မှု​ကို​ကြံ​စည်​ရာ​တွင်​စိတ်​အား​ထက်​သန် သ​ကဲ့​သို့ ဆောင်​ရွက်​ရာ​တွင်​လည်း​စိတ်​အား ထက်​သန်​ကြ​လော့။ သင်​တို့​တတ်​နိုင်​သ​မျှ ပေး​လှူ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​အား လှူ​ဖွယ်​ပစ္စည်း​တို့​ကို​ဆက်​သ​ရ​မည်​ဟူ​၍ ပြော​ကြား​လော့။ သင်​သည်​အ​မျိုး​သား​တိုင်း ထံ​မှ​စေ​တ​နာ​အ​လျောက် ပေး​လှူ​သ​မျှ ပစ္စည်း​တို့​ကို​လက်​ခံ​ရ​မည်။-

သင်​တို့​ပေး​လှူ​လို​သော​စေ​တ​နာ​စိတ်​ရှိ​လျှင် ဘု​ရား​သ​ခင်​သည်​သင်​တို့​မ​တတ်​နိုင်​မှု​ကို မ​ထောက်​ဘဲ​တတ်​နိုင်​မှု​ကို​ထောက်​၍​သင်​တို့ ၏​အ​မှု​ကို​လက်​ခံ​တော်​မူ​လိမ့်​မည်။

ထို​မျှ​သာ​မ​က​ဤ​အ​လှူ​ငွေ​ကောက်​ခံ​မှု အ​တွက်​ငါ​တို့​နှင့်​အ​တူ​ခ​ရီး​ပြု​ရန် အ​သင်း တော်​များ​က​ရွေး​ချယ်​ခန့်​ထား​ခြင်း​ခံ​ရ သူ​လည်း​ဖြစ်​၏။ သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​စေ​ရန်​နှင့် ငါ​တို့​၏​စိတ် စေ​တ​နာ​ကို​သိ​သာ​စေ​ရန် ငါ​တို့​သည်​ဤ အ​လှူ​ခံ​လုပ်​ငန်း​ကို​ဆောင်​ရွက်​နေ​ကြ ခြင်း​ဖြစ်​၏။

ထို​အ​သင်း​တော်​တို့​သည်​တတ်​နိုင်​သ​မျှ မိ​မိ တို့​တွင်​စွမ်း​အား​ရှိ​သ​မျှ​ထက်​ပို​၍ အ​လို အ​လျောက်​ပေး​လှူ​ကြ​ကြောင်း​ကို​သင်​တို့ အား​ငါ​သက်​သေ​ခံ​နိုင်​၏။ သူ​တို့​သည်​ယု​ဒ ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​မှု​တွင်​ပါ​ဝင်​လို​ကြ​၏။ သို့ ဖြစ်​၍​ထို​သို့​ပါ​ဝင်​ခွင့်​ပြု​ရန် မိ​မိ​တို့ အ​လို​အ​လျောက်​ငါ​တို့​အား​တောင်း​ပန် ကြ​၏။-

သင်​တို့​ကူ​ညီ​ထောက်​ပံ့​ရန်​စိတ်​စေ​တ​နာ ထက်​သန်​ကြ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် တို့​အ​ကြောင်း​ကို​မာ​ကေ​ဒေါ​နိ​ပြည်​သား တို့​အား​ငါ​ကြွား​ဝါ​ခဲ့​၏။ ``အ​ခါ​ယ​ပြည် ရှိ​ညီ​အစ်​ကို​တို့​သည်​ယ​မန်​နှစ်​က​ပင်​လျှင် ပေး​လှူ​ရန်​အ​သင့်​ရှိ​ကြ​၏'' ဟု​သူ​တို့​အား ငါ​ပြော​ကြား​ခဲ့​၏။ သင်​တို့​၏​စိတ်​စေ​တ​နာ ထက်​သန်​မှု​ကြောင့်​ထို​သူ​တို့​အား​လုံး​လို လို​ပင်​စိတ်​အား​တက်​ကြွ​လာ​ပေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ