၂ ကော 8:10Common Language Bibleယမန်နှစ်ကသင်တို့အစပြုသည့်အမှုကို ယခုအဆုံးသတ်သင့်ကြသည်ဟုငါထင် မြင်၏။ သင်တို့သည်စေတနာနှင့်ပေးလှူမှု ကိုအစပြုခဲ့ပေသည်။- အခန်းကိုကြည့်ပါ။ |
သင်တို့က``ငါတို့သည်အဘယ်အမှုကိုမဆို ပြုနိုင်ခွင့်ရှိ၏'' ဟုဆိုကြလိမ့်မည်။ သင်တို့ ဆိုသည်အတိုင်းမှန်ပေ၏။ သို့သော်အရာ ခပ်သိမ်းသည် သင်တို့အဖို့အကျိုးမရှိနိုင်။ ငါသည်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့် ရှိသည်ဟုဆိုနိုင်သော်လည်း အဘယ်အမှု ကမျှငါ့အား၎င်း၏ကျွန်ဖြစ်စေရန်ငါ အခွင့်ပေးလိမ့်မည်မဟုတ်။-
သင်တို့စာရေးမေးမြန်းသည့်အိမ်ထောင်မပြုဘဲ နေရေးကိစ္စနှင့်ပတ်သက်၍ငါပြောမည့်စကား သည် ငါ့အားသခင်ဘုရားမိန့်တော်မူချက်အရ ပြောသောစကားမဟုတ်။ သို့ရာတွင်သခင်ဘုရား ၏ကရုဏာတော်ကြောင့်ယုံကြည်ထိုက်သူတစ် ယောက်အနေဖြင့် ငါ၏ထင်မြင်ချက်ကိုဖော်ပြ လိုက်ပါသည်။
သင်တို့ကူညီထောက်ပံ့ရန်စိတ်စေတနာ ထက်သန်ကြသည်ကိုငါသိ၏။ သို့ဖြစ်၍သင် တို့အကြောင်းကိုမာကေဒေါနိပြည်သား တို့အားငါကြွားဝါခဲ့၏။ ``အခါယပြည် ရှိညီအစ်ကိုတို့သည်ယမန်နှစ်ကပင်လျှင် ပေးလှူရန်အသင့်ရှိကြ၏'' ဟုသူတို့အား ငါပြောကြားခဲ့၏။ သင်တို့၏စိတ်စေတနာ ထက်သန်မှုကြောင့်ထိုသူတို့အားလုံးလို လိုပင်စိတ်အားတက်ကြွလာပေပြီ။-