Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 3:9

Common Language Bible

အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ဆိုင်​ရာ​တ​ရား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​လျှင် ကယ်​တင် ခြင်း​ဆိုင်​ရာ​လုပ်​ဆောင်​ချက်​သည်​အ​ဘယ် မျှ​သာ​လွန်​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ လိမ့်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင်​တို့​လွတ်​မြောက်​ရန်​အ​ချိန်​ကာ​လ ကို နီး​ကပ်​၍​လာ​စေ​မည်။ ထို​ကာ​လ​သည်​လုံး​ဝ​မ​ဝေး​တော့​ပြီ။ ငါ​သည်​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​လည်း ဆိုင်း​ငံ့​၍ ထား​လိမ့်​မည်​မ​ဟုတ်။ ယေ​ရု​ရှ​လင်​မြို့​ကို​ငါ​ကယ်​တင်​၍၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ဂုဏ်​အ​သ​ရေ​ရှိ​စေ​မည်။''

ထို​မင်း​နန်း​စံ​ချိန်​၌​ယု​ဒ​ပြည်​သား​တို့​သည် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လျက်၊ ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထို​မင်း​၏​ဘွဲ့ နာ​မ​ကို``ငါ​တို့​အား​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ လိမ့်​မည်။

သူ့​အား​ဘု​ရား​သ​ခင်​ယင်း​သို့​လက်​ခံ​တော်​မူ ပြီး​မှ​အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ရ​၏။ ထို​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကား​ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​ကို​ထောက် လျက် အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​မီ​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ သော​အ​မှတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို မ​ခံ​သော်​လည်း​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​လာ ၏။-

ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။-

နေ​၏​တင့်​တယ်​မှု​သည်​တစ်​မျိုး၊ လ​၏​တင့်​တယ်​မှု သည်​တစ်​မျိုး၊ ကြယ်​တာ​ရာ​များ​၏​တင့်​တယ်​မှု​သည် တစ်​မျိုး​ဖြစ်​၏။ ကြယ်​တစ်​လုံး​နှင့်​တစ်​လုံး​ပင်​တင့် တယ်​မှု​မ​တူ​ချေ။

ဝိ​ညာဉ်​တော်​၏​လုပ်​ဆောင်​ချက်​နှင့်​ဆိုင်​သော ဘုန်း​အ​သ​ရေ​သည်​အ​ဘယ်​မျှ​သာ​လွန် တောက်​ပ​လိမ့်​မည်​နည်း။-

ခ​ရစ်​တော်​သည်​အ​ပြစ်​ကင်း​တော်​မူ​သော အ​ရှင်​ဖြစ်​သည်။ သို့​ရာ​တွင်​ငါ​တို့​သည်​ခ​ရစ် တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဘု​ရား သ​ခင်​ကဲ့​သို့​ကောင်း​မြတ်​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​ခ​ရစ်​တော်​အား​ငါ​တို့​အ​တွက် ကြောင့်​ငါ​တို့​ကဲ့​သို့​အ​ပြစ်​ရှိ​သူ​ဖြစ်​စေ တော်​မူ​၏။

ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​ကို​အား​ကိုး​သော သူ​တို့​မူ​ကား ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။ ကျမ်း စာ​တော်​က ``ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့် ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​မ​စောင့်​ထိန်း​သူ သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​စေ'' ဟု ဖော်​ပြ​ပေ​သည်။-

`` `ဘု​ရား​သ​ခင်​၏​ပ​ညတ်​များ​နှင့်​သွန်​သင် ချက်​ရှိ​သ​မျှ​တို့​ကို​မ​လိုက်​နာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။

ယေ​ရှု​ခရစ်​၏​အ​စေ​ခံ​နှင့်​တ​မန်​တော်​ဖြစ်​သူ ရှိ​မုန်​ပေ​တ​ရု​ထံ​မှ ငါ​တို့​ဘု​ရား​သ​ခင်​နှင့် ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် ငါ​တို့​ခံ​ယူ​ရ​သည့် ယုံ​ကြည်​ခြင်း​ကဲ့​သို့​အ​ဖိုး​ထိုက်​သည့်​ယုံ​ကြည် ခြင်း​ကို​ရ​ရှိ​ကြ​ကုန်​သော​သူ​တို့​ထံ​သို့ စာ​ရေး​လိုက်​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ