Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 3:10

Common Language Bible

ယ​ခု​အ​ခါ​၌​သာ​လွန်​တောက်​ပ​သော​ဘုန်း အ​သ​ရေ​ကြောင့် ယ​ခင်​အ​ခါ​၌​အ​လွန် တောက်​ပ​သော​ဘုန်း​အ​သ​ရေ​သည်​ကွယ် ပျောက်​သွား​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​နန်း စံ​တော်​မူ​တော့​မည်​ဖြစ်​၍ လ​သည်​မိုက်​လျက် နေ​လိမ့်​မည်။ နေ​သည်​လည်း​နောက်​တစ်​ဖန်​ထွန်း လင်း​တော့​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​ယေ​ရု ရှ​လင်​မြို့၊ ဇိ​အုန်​တောင်​ပေါ်​တွင်​စိုး​စံ​တော် မူ​လိမ့်​မည်။ ပြည်​သူ​တို့​၏​ဦး​စီး​ခေါင်း​ဆောင် များ​သည်​လည်း ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။

``ယ​ခင်​အ​ခါ​က​ဗိ​မာန်​တော်​သည်​အ​ဘယ်​မျှ တင့်​တယ်​လှ​ပ​တော်​မူ​ခဲ့​ကြောင်း​ကို မှတ်​မိ​သူ တစ်​စုံ​တစ်​ယောက်​သင်​တို့​တွင်​ရှိ​ပါ​သ​လော။ ယ​ခု​အ​ခါ​ဤ​ဗိ​မာန်​တော်​ကို​သင်​တို့​အ​ဘယ် သို့​တွေ့​မြင်​ကြ​ရ​ပါ​သ​နည်း၊ ယင်း​သည် ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​၍​နေ​ပေ​မည်။-''

မွန်း​တည့်​ချိန်​၌​ကောင်း​ကင်​မှ​နေ​ရောင်​ထက် ပင် ထွန်း​လင်း​တောက်​ပ​သည့်​အ​လင်း​ရောင်​ကို အ​ကျွန်ုပ်​မြင်​ရ​ပါ​၏။-

ခေတ္တ​မျှ​သာ​တည်​သည့်​အ​ရာ​၌​ဘုန်း​အ​သ ရေ​ရှိ​ခဲ့​ပါ​လျှင် ထာ​ဝ​စဉ်​တည်​သည့်​အ​ရာ ၌​အ​ဘယ်​မျှ​ပို​၍​ဘုန်း​အ​သ​ရေ​ရှိ​လိမ့် မည်​နည်း။

အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ဆိုင်​ရာ​တ​ရား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​လျှင် ကယ်​တင် ခြင်း​ဆိုင်​ရာ​လုပ်​ဆောင်​ချက်​သည်​အ​ဘယ် မျှ​သာ​လွန်​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ လိမ့်​မည်​နည်း။-

အကြီး​မြတ်​ဆုံး​သော​ဘုန်း​အ​သ​ရေ​ရောင်​ခြည် တော်​ရှင်​က``ဤ​သူ​ကား​ငါ​နှစ်​သက်​မြတ်​နိုး သော​ငါ​၏​ချစ်​သား​ဖြစ်​၏'' ဟူ​သော​အ​သံ တော်​မိန့်​တော်​မူ​သော​အ​ချိန်​၌ ခ​မည်း​တော် ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကိုယ်​တော်​သည်​ဂုဏ် အ​သ​ရေ​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​ယူ​တော်​မူ​၏။-

ထို​မြို့​တွင်​ည​ရှိ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​လင်း​ကို​ပေး​တော် မူ​မည်​ဖြစ်​၍၊ သူ​တို့​သည်​ဆီ​မီး​၏​အ​ရောင်၊ နေ​၏ အ​လင်း​ရောင်​ကို​လို​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့ သည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ထာ​ဝ​စဉ်​စိုး​စံ​ရ​ကြ လတ္တံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ