Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 11:29

Common Language Bible

အား​နည်း​သူ​ရှိ​လျှင်​ငါ​သည်​လည်း​အား​နည်း ရ​၏။ အ​ပြစ်​ကူး​သူ​ရှိ​လျှင်​ငါ​သည်​ပူ​ပန် ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​အ​ပေါ်​၌​ယုံ​မှား​ခြင်း​ကင်း​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော် ၏​အိမ်​တော်​အ​ပေါ်​ချစ်​ခင်​တွယ်​တာ​မှု​သည် အ​ကျွန်ုပ်​၏​ရင်​အ​တွင်း​၌​မီး​သ​ဖွယ်​ကျွမ်း လောင်​လျက်​ရှိ​ပါ​၏'' ဟူ​သော​ကျမ်း​စကား ကို​သ​တိ​ရ​ကြ​၏။

ဝမ်း​မြောက်​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ လော့။ ငို​ကြွေး​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ လော့။-

ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​ငါ​တို့​သည် ယုံ​ကြည် ခြင်း​အား​နည်း​သူ​တို့​၏​ဝန်​များ​ကို​ကူ​ညီ ထမ်း​သင့်​၏။ ငါ​တို့​သည်​ကိုယ့်​အ​လို​ကို​လိုက် ၍​မ​လုပ်​ဆောင်​ရ။-

သင်​တို့​တွင်​စား​သောက်​ရန်​နေ​အိမ်​မ​ရှိ​သ​လော။ သို့​တည်း​မ​ဟုတ်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ကို​ရှုတ်​ချ​၍ ဆင်း​ရဲ​သူ​တို့​အား​အ​ရှက်​ခွဲ​လို ကြ​သ​လော။ သင်​တို့​အား​အ​ဘယ်​သို့​ငါ​ပြော​ရ မည်​နည်း။ သင်​တို့​ကို​ချီး​ကူး​ရ​မည်​လော။ ဤ ကိစ္စ​တွင်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ချီး​ကူး​နိုင်။

အ​ကယ်​၍​ကိုယ်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​က ဝေ​ဒ​နာ​ခံ​ရ​လျှင်​အခြား​အ​စိတ်​အ​ပိုင်း​များ သည်​လည်း​အ​တူ​ခံ​ရ​ကြ​၏။ ကိုယ်​အင်္ဂါ​အ​စိတ် အ​ပိုင်း​တစ်​ခု​က​ချီး​မွမ်း​ခြင်း​ခံ​ရ​လျှင် အ​ခြား​အ​စိတ်​အ​ပိုင်း​များ​သည်​လည်း​အ​တူ ဝမ်း​မြောက်​ရ​ကြ​၏။

အ​ချင်း​လူ​မိုက်၊ သင်​စိုက်​ပျိုး​သည့်​မျိုး​စေ့​သည် ဦး​စွာ​မ​ပျက်​မ​စီး​ဘဲ​အ​ပင်​မ​ပေါက်​တတ်။-

ထို့​ကြောင့်​အ​သား​ကို​စား​ခြင်း​သည်​ညီ​အစ်​ကို အား​မှောက်​မှား​လမ်း​လွဲ​စေ​မည်​ဆို​ပါ​က ငါ သည်​ငါ့​ညီ​အစ်​ကို​အား​မ​မှောက်​မှား​လမ်း မ​လွဲ​စေ​ရန်​အ​သား​ကို​မ​စား​ဘဲ​နေ​မည်။

သို့​ရာ​တွင်​သင်​တို့​ဤ​သို့​လွတ်​လပ်​စွာ​စား သောက်​နိုင်​ခွင့်​သည် ယုံ​ကြည်​မှု​အား​နည်း​သူ များ​အ​တွက်​မှောက်​မှား​စ​ရာ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။-

ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​တို့​အ​ထဲ သို့​ရောက်​သော​အ​ခါ ထို​သူ​တို့​ကို​ကယ်​တင်​နိုင် ရန်​ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​ကဲ့​သို့ နေ​ထိုင်​၏။ အ​ချို့​သော​သူ​တို့​ကို​တစ်​နည်း နည်း​အား​ဖြင့် ကယ်​တင်​နိုင်​ရန်​ငါ​သည်​လူ အ​မျိုး​မျိုး​အ​ထဲ​၌​အ​မျိုး​မျိုး​နေ​ထိုင်​၏။

ငါ​တို့​အား​နည်း​၍​သင်​တို့​အား​ကြီး​သော​အ​ခါ ငါ​တို့​ဝမ်း​သာ​သည်။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ပြစ် ဆို​ဖွယ်​မ​ရှိ​သူ​များ​ဖြစ်​လာ​ကြ​စေ​ရန်​ကို​လည်း ငါ​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။-

သို့​ရာ​တွင်​သူ​တို့​၏​အ​ပြု​အ​မူ​သည်​သ​တင်း ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား​နှင့်​ကိုက်​ညီ​မှု​မ​ရှိ ကြောင်း​ကို ငါ​သိ​မြင်​သော​အ​ခါ ပေ​တ​ရု​အား လူ​အ​ပေါင်း​တို့​ရှေ့​တွင်``သင်​သည်​ယု​ဒ​အ​မျိုး သား​ဖြစ်​ပါ​လျက် ယု​ဒ​အ​မျိုး​သား​ကဲ့​သို့ မ​ဟုတ်​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့​ပြု​မူ​နေ​ထိုင် လျက်​ရှိ​ရာ သင်​သည်​အ​ဘယ်​ကြောင့်​လူ​မျိုး ခြား​တို့​အား​ယု​ဒ​အ​မျိုး​သား​တို့​ကဲ့​သို့ ပြု​မူ​နေ​ထိုင်​စေ​ရန်​အ​နိုင်​အ​ထက်​ပြု​ပါ သ​နည်း'' ဟု​မေး​၏။

အ​ချင်း​ချင်း​၏​ဝန်​များ​ကို​ကူ​ညီ​ထမ်း​ရွက် သော​အား​ဖြင့် ခ​ရစ်​တော်​၏​တ​ရား​တော်​ကို ကျင့်​ကြ​လော့။-

သင်​ပြု​သော​အ​မှု​ကို​ငါ​သိ​၏။ သင်​မည်​မျှ ကြိုး​ပမ်း​လုပ်​ဆောင်​သည်၊ မည်​မျှ​ရဲ​ရင့်​သည်၊ မည် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​ငါ​သိ​၏။ သင်​သည်​ဆိုး ညစ်​သူ​တို့​ကို​သည်း​မ​ခံ​နိုင်​ကြောင်း၊ တ​မန် တော်​မ​ဟုတ်​ဘဲ​လျက် မိ​မိ​တို့​ကိုယ်​ကို​တ​မန် တော်​ဟု​ခေါ်​ဆို​ကြ​သူ​တို့​အား​စစ်​ဆေး​၍ လူ​လိမ်​များ​ဖြစ်​သည်​ကို​သိ​ရှိ​ကြောင်း​ငါ သိ​၏။-

သို့​ရာ​တွင်​သင့်​အား​အ​ပြစ်​ဆို​စ​ရာ​ရှိ​သည် မှာ ယေ​ဇ​ဗေ​လ​ဆို​သူ​အ​မျိုး​သ​မီး​ကို​သင် လက်​ခံ​လျက်​နေ​ခြင်း​ပင်​ဖြစ်​၏။ သူ​သည်​မိ​မိ ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဟု​ဆို​ကာ ငါ​၏​တ​ပည့်​တို့​အား ကာ​မ​ဂုဏ်​လိုက်​စား​စေ ရန်​နှင့်​ရုပ်​တု​တို့​အား​ပူ​ဇော်​သည့်​အ​စား အ​စာ​များ​ကို​စား​စေ​ရန် သွန်​သင်​ခြင်း​အား ဖြင့်​မှောက်​မှား​လမ်း​လွဲ​စေ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ