Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 11:28

Common Language Bible

ဤ​ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​အ​ခြား​ဆင်း​ရဲ​ဒုက္ခ များ​အ​ပြင်​အ​သင်း​တော်​တို့​အ​တွက်​နေ့ စဉ်​စိုး​ရိမ်​ပူ​ပန်​လျက်​ရှိ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ပေါ​လု​က ဗာ​န​ဗ​အား ``သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ငါ​တို့​ဟော​ပြော​ခဲ့​သည့်​မြို့ တိုင်း ရှိ​ညီ​အစ်​ကို​များ​ထံ​သို့​ပြန်​သွား​၍ သူ တို့​၏​အ​ခြေ​အ​နေ​ကို​လေ့​လာ​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-

ထို​မြို့​တွင်​ကာ​လ​အ​တန်​ကြာ​နေ​ပြီး​နောက် ခ​ရီး​ထွက်​ခဲ့​ရာ​ဂ​လာ​တိ​ပြည်​နှင့်​ဖြု​ဂိ ပြည်​တို့​သို့​ရောက်​ရှိ​လျက် ယုံ​ကြည်​သူ အ​ပေါင်း​တို့​ကို​ကြံ့​ခိုင်​စေ​လေ​သည်။

သူ​သည်​ထို​ဒေ​သ​များ​ကို​လှည့်​လည်​ကာ တ​ပည့်​တော်​တို့​အား အား​ပေး​စ​ကား​များ ပြော​ကြား​ပြီး​နောက်​အ​ခါ​ယ​ပြည်​သို့ သွား​၏။-

ထို့​ကြောင့်​ထို​ကာ​လ​၌​ယု​ဒ​ပြည်၊ ဂါ​လိ​လဲ ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့​တွင်​အ​သင်း တော်​သည်​အေး​ချမ်း​စွာ​နေ​ရ​လေ​သည်။ အ​သင်း တော်​သည်​သ​ခင်​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သော​စိတ်​ဖြင့် သက်​ရှင်​လှုပ်​ရှား​လျက်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ကူ​ညီ​အား​ပေး​မှု​ဖြင့် တည်​တံ့​ခိုင်​မြဲ​ကာ​အ​သင်း​သား​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​လေ​သည်။

လူ​ယဉ်၊ လူ​ရိုင်း၊ ပ​ညာ​ရှိ၊ ပ​ညာ​မဲ့၊ ရှိ​ရှိ​သ​မျှ သော​သူ​တို့​အ​တွက်​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့်၊-

လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​ယ​ခု​ငါ​ပြော လို​၏။ ငါ​သည်​လူ​မျိုး​ခြား​တို့​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​ကာ​လ​ပတ်​လုံး​မိ​မိ ၏​အ​လုပ်​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​မည်။-

ထို​အ​ခွင့်​ထူး​မှာ​လူ​မျိုး​ခြား​တို့​အ​တွက်​အ​မှု တော်​ဆောင်​ရန် ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ဖြစ် ရ​သော​အ​ခွင့်​ထူး​ပင်​ဖြစ်​၏။ လူ​မျိုး​ခြား​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​ဖွယ်​ရာ​ပူ​ဇော် သကာ​အ​ဖြစ် ဘု​ရား​သ​ခင်​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​က​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​၏​လုပ်​ငန်း တာ​ဝန်​ကို​ထမ်း​ဆောင်​လျက် ဘု​ရား​သ​ခင် ထံ​တော်​မှ​သ​တင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​၏။-

သူ​တို့​သည်​ငါ​၏​အ​တွက်​သက်​စွန့်​ကြိုး​ပမ်း ဆောင်​ရွက်​ခဲ့​ကြ​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အား ငါ​တစ်​ဦး​တည်း​သာ​မ​က​လူ​မျိုး​ခြား​တို့​၏ အ​သင်း​တော်​အ​ပေါင်း​တို့​က​လည်း​ကျေး​ဇူး​တင် ကြ​၏။-

မည်​သို့​ပင်​ဆို​စေ၊ လူ​အ​သီး​သီး​တို့​သည်​သ​ခင် ဘု​ရား​ပေး​တော်​မူ​သည့်​ဆု​ကျေး​ဇူး​များ​နှင့် အ​ညီ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​စဉ် အ​ခါ​က​ရှိ​ခဲ့​သည့်​အ​ခြေ​အ​နေ​အ​တိုင်း ဆက်​လက်​၍​အ​သက်​ရှင်​ရာ​၏။ ဤ​နည်း​အ​တိုင်း အ​သင်း​တော်​အား​လုံး​အား​ငါ​ဟော​ပြော​သွန် သင်​၏။-

ငါ​သည်​သင်​တို့​အ​တွက်​လည်း​ကောင်း၊ လော​ဒိ​ကိ မြို့​သူ​မြို့​သား​များ​နှင့်​ငါ့​အား​မ​မြင်​ဘူး​သေး သော​အ​ခြား​သူ​တို့​အ​တွက်​လည်း​ကောင်း အ​ဘယ် မျှ​ကြိုး​ပမ်း​လုပ်​ဆောင်​ခဲ့​သည်​ကို​သင်​တို့​အား သိ​စေ​လို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ