Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 10:4

Common Language Bible

ငါ​တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​သည်​လူ​သား တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​မ​ဟုတ်။ ခံ​တပ်​များ ကို​ဖြို​ဖျက်​နိုင်​သည့်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​နှင့်​ပြည့်​စုံ​သော​လက်​နက်​များ​ဖြစ်​၏။ ငါ တို့​သည်​မ​မှန်​ကန်​သည့်​ဆွေး​နွေး​ငြင်း​ခုံ​ချက် များ​ကို​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​၏​ရာ​ဇ​အာ​ဏာ ကို ဇိ​အုန်​မြို့​မှ​နေ​ရာ​အ​နှံ့​အ​ပြား​သို့​တိုင်​အောင် တည်​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​က​အ​ရှင့်​အား``သင်​၏​ရန်​သူ​တို့​ကို အုပ်​စိုး​လော့'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​ရန်​သူ့​ခံ​တပ်​များ​ကို​ဖမ်း​ဆီး သိမ်း​ယူ​ကာ သူ​တို့​အား​သတ်​ဖြတ်​လိုက်​သော အ​ခါ၊ တောင်​ကုန်း၊ တောင်​တန်း​ရှိ​သ​မျှ​ပေါ် မှ​ချောင်း​ရေ​တို့​သည်​စီး​ဆင်း​၍​လာ​လိမ့် မည်။-

လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ​ကို​ဆွဲ​နုတ် ဖြို​ချ၊ ဖျက်​ဆီး​ဖြုတ်​ချ၊ တည်​ဆောက်​စိုက်​ပျိုး နိုင်​သော​အာ​ဏာ​ကို​ယ​နေ့​သင့်​အား​ငါ ပေး​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ငါ​၏​ဗျာ​ဒိတ်​တော်​သည်​မီး​နှင့်​တူ​၍​ကျောက် ကို​ထု​ခွဲ​နိုင်​သည့်​တူ​နှင့်​တူ​၏။-

မော​ရှေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏​အ​တတ် ပ​ညာ​အ​လုံး​စုံ​ကို​ဆည်း​ပူး​၍ နှ​လုံး​ရည်​လက် ရုံး​ရည်​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​လာ​၏။''

ညဥ့်​အ​ချိန်​ကုန်​လု​ပြီ။ နေ့​အ​ချိန်​ရောက်​တော့ မည်။ သို့​ဖြစ်​၍​ငါ​တို့​သည်​အ​မှောင်​နှင့်​ဆိုင် သော​အ​လေ့​အ​ကျင့်​တို့​ကို​မ​ပြု​တော့​ဘဲ အ​လင်း​တွင်​တိုက်​ခိုက်​ရန်​လက်​နက်​တို့​ကို ယူ​ဆောင်​ကြ​ရ​မည်။-

သင်​တို့​ကိုယ်​အင်္ဂါ​များ​ကို​လည်း​ဒု​စ​ရိုက်​အ​တွက် အ​သုံး​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့်​အ​စား သင်​တို့​သည်​သေ​ရာ​မှ​ရှင်​ပြန်​သူ​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ သု​စ​ရိုက်​အ​တွက်​အ​သုံး​တော် ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​ကိုယ်​ကို​ဘု​ရား သ​ခင်​အား​ဆက်​သ​ကြ​လော့။-

သို့​ဖြစ်​၍​သင်​တို့​၏​ယုံ​ကြည်​မှု​သည်​လူ​တို့​၏ အ​သိ​ဉာဏ်​အ​ပေါ်​တွင်​အ​မှီ​မ​ပြု​ဘဲ ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​အ​ပေါ်​တွင်​အ​မှီ​ပြု ပေ​သည်။

အ​ဘယ်​ဥ​ယျာဉ်​မှူး​သည်​မိ​မိ​စိုက်​ပျိုး​သည့် စ​ပျစ်​ဥ​ယျာဉ်​မှ စ​ပျစ်​သီး​ကို​မ​စား​ဘဲ​နေ သ​နည်း။ အ​ဘယ်​သိုး​ထိန်း​သည်​မိ​မိ​ထိန်း ကျောင်း​ရ​သည့်​သိုး​များ​မှ​နို့​ကို​မ​သုံး ဆောင်​ဘဲ​နေ​သ​နည်း။

အ​ကယ်​၍​ငါ​သည်​သ​ခင်​ဘု​ရား​ပေး​တော်​မူ သော​အာ​ဏာ​နှင့်​ပတ်​သက်​၍ အ​လွန်​အ​ကျွံ ဝါ​ကြွား​မိ​ခဲ့​လျှင်​လည်း​မ​ရှက်​ပါ။ ထို​အာ ဏာ​သည်​သင်​တို့​အား​ဖြို​ဖျက်​ရန်​အ​တွက် မ​ဟုတ်။ ပြု​စု​ပျိုး​ထောင်​ပေး​ရန်​အ​တွက် ဖြစ်​ပေ​သည်။-

သင်​တို့​နှင့်​ဝေး​ကွာ​သည်​ကာ​လ​ဤ​စာ​ကို​ရေး​ရ ခြင်း​မှာ​ငါ​လာ​သော​အ​ခါ သ​ခင်​ဘု​ရား​ငါ့​အား ပေး​တော်​မူ​သည့်​အ​ခွင့်​အာ​ဏာ​ကို​ပြင်း​ပြင်း​ထန် ထန်​အ​သုံး​မ​ပြု​ရ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။ ထို​အ​ခွင့် အာ​ဏာ​သည်​သင်​တို့​အား​ပြု​စု​ပျိုး​ထောင်​ပေး​ရန် အ​တွက်​ဖြစ်​၏။ ဖြို​ဖျက်​ပစ်​ရန်​အ​တွက်​မ​ဟုတ်။

မိ​မိ​တို့​သည်​ဤ​အ​မှု​ကို​ထမ်း​ဆောင်​နိုင်​သည် ဟု​ပြော​ဆို​နိုင်​ရန် ငါ​တို့​တွင်​အ​ဘယ်​စွမ်း ရည်​သတ္တိ​မျှ​မ​ရှိ။ ငါ​၌​ရှိ​သည့်​စွမ်း​ရည် မှာ​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ရ​ရှိ​၏။-

သို့​ရာ​တွင်​ငါ​တို့​တွင်​အ​ချုပ်​အ​ခြာ​အာ​ဏာ တန်​ခိုး​မ​ရှိ၊ ဘု​ရား​သ​ခင်​၌​သာ​လျှင်​ရှိ​တော် မူ​ကြောင်း​ကို​ထင်​ရှား​စေ​ရန် ဆို​ခဲ့​သည့်​ဝိ​ညာဉ် ဘဏ္ဍာ​ကို​ထိန်း​သိမ်း​ရ​သူ​ငါ​တို့​သည်​မြေ​အိုး များ​သ​ဖွယ်​ဖြစ်​ကြ​သည်။-

သမ္မာ​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ကို​ဟော​ပြော​ကြေ​ညာ​ခြင်း​အား​ဖြင့် လည်း​ကောင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​စေ​ခံ​များ​ဖြစ်​ကြောင်း​ကို​ပေါ်​လွင်​စေ ကြ​၏။ ထိုး​စစ်​ဆင်​သော​အ​ခါ​နှင့်​ခု​ခံ ကာ​ကွယ်​သော​အ​ခါ​၌ ငါ​တို့​သည်​ဖြောင့် မတ်​ခြင်း​တ​ရား​တည်း​ဟူ​သော​လက်​နက် ကို​အ​သုံး​ပြု​ကြ​၏။-

သို့​ရာ​တွင်​ငါ​တို့​သည်​နေ့​အ​ချိန်​၌​ကျင်​လည် သူ​များ​ဖြစ်​ကြ​သ​ဖြင့် သမ္မာ​သ​တိ​ရှိ​ကြ​ကုန် အံ့။ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တည်း​ဟူ သော​ရင်​အုပ်​တန်​ဆာ​ကို​တပ်​ဆင်​လျက် ကယ်​တင် ခြင်း​ခံ​ရ​ရန်​မျှော်​လင့်​ခြင်း​တည်း​ဟူ​သော​သံ ခ​မောက်​ကို​ဆောင်း​ကြ​ကုန်​အံ့။-

ငါ့​သား​တိ​မော​သေ၊ အ​ခါ​တစ်​ပါး​က​သင့်​ကို ရည်​စူး​၍​ပ​ရော​ဖက်​တို့​ဟော​ကြား​ကြ​သည့် အ​တိုင်း ငါ​သည်​ဤ​အ​လုပ်​တာ​ဝန်​ကို​သင့်​အား ပေး​အပ်​၏။ ကောင်း​စွာ​တိုက်​ခိုက်​ရန်​ထို​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လက်​နက် သ​ဖွယ်​အ​သုံး​ပြု​လော့။-

သင်​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စစ်​သည်​တော် ကောင်း​အ​နေ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​လော့။-

ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင်​ယေ​ရိ​ခေါ​မြို့​ကို လှည့်​ပတ်​ချီ​တက်​ကြ​ပြီး​နောက်​မြို့​ရိုး​များ ကို​ပြို​ကျ​စေ​၏။-

ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​တို့​တံ​ပိုး​ခရာ မှုတ်​လျှင်​မှုတ်​ခြင်း လူ​အ​ပေါင်း​တို့​သည် တ​ခဲ​နက်​ကြွေး​ကြော်​ရာ​မြို့​ရိုး​များ​ပြို​ကျ လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ သည်​မြို့​တွင်း​သို့​အ​တား​အ​ဆီး​မ​ရှိ​ဘဲ ဝင်​ရောက်​၍​မြို့​ကို​သိမ်း​ယူ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ