Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ကော 10:3

Common Language Bible

ငါ​တို့​သည်​ဤ​လော​က​၌​အ​သက်​ရှင်​နေ ထိုင်​လျက်​ရှိ​ကြ​သည်​မှန်​သော်​လည်း လော​ကီ အ​ကျိုး​ကို​မျှော်​ကိုး​၍​တိုက်​ပွဲ​ဝင်​နေ​ကြ သည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​ကို​လိုက်​လျော ၍ အ​သက်​ရှင်​ကြ​စဉ်​အ​ခါ​က​ပ​ညတ်​တ​ရား ၏​လှုံ့​ဆော်​ချက်​အ​ရ​အ​ပြစ်​ကူး​လို​စိတ်​သည် ငါ​တို့​ကိုယ်​ခန္ဓာ​အ​တွင်း​၌​ထ​ကြွ​လှုပ်​ရှား ကာ​ငါ​တို့​ပြု​သ​မျှ​သည်​သေ​မင်း​အ​ဖို့ ဖြစ်​ခဲ့​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည် မိ​မိ​တို့ ၏​လူ့​ဇာ​တိ​အ​လို​သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ ပါ​က​သေ​ရ​ကြ​မည်။ သို့​သော်​မိ​မိ​တို့​၏ အ​ကျင့်​ဆိုး​များ​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဆက်​ဖြတ်​ကြ​မည်​ဆို​လျှင်​မူ​ကား အ​သက်​ရှင်​ကြ​လိမ့်​မည်။-

ဤ​သို့​ဘု​ရား​သ​ခင်​အ​ရေး​ယူ​ဆောင်​ရွက်​တော် မူ​ရ​ခြင်း​မှာ ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​နှင့် အ​ညီ​မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​၏​အ​လို​တော် နှင့်​အ​ညီ​အ​သက်​ရှင်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​ကျင့်​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန်​ဖြစ်​သည်။-

ယင်း​သို့​ကြံ​စည်​ခဲ့​ခြင်း​မှာ​ငါ​၌​စိတ်​နှစ်​ခွ​ရှိ လေ​သ​လော။ ငါ​ကြံ​စည်​ဆုံး​ဖြတ်​သည့်​အ​ခါ များ​၌​တစ်​ကိုယ်​ကောင်း​သ​ဘော​အ​ရ​ကြံ​စည် ဆုံး​ဖြတ်​လေ​သ​လော။ တစ်​ချိန်​တည်း​မှာ​ပင် ဟုတ်​မှန်​သည်​ဟူ​၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ​၍​လည်း​ကောင်း​စ​ကား​နှစ်​ခွ​ဆို​လေ သ​လော။-

ငါ​တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​သည်​လူ​သား တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​မ​ဟုတ်။ ခံ​တပ်​များ ကို​ဖြို​ဖျက်​နိုင်​သည့်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​နှင့်​ပြည့်​စုံ​သော​လက်​နက်​များ​ဖြစ်​၏။ ငါ တို့​သည်​မ​မှန်​ကန်​သည့်​ဆွေး​နွေး​ငြင်း​ခုံ​ချက် များ​ကို​လည်း​ကောင်း၊-

သို့​ဖြစ်​၍​ငါ​သည်​အ​သက်​မ​ရှင်​တော့​ဘဲ​ခ​ရစ် တော်​သာ​လျှင်​ငါ​၌​ရှင်​တော်​မူ​၏။ ယ​ခု​ငါ​၌ ရှိ​သော​အ​သက်​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​သန်​လျက် နေ​သော​အ​သက်​ဖြစ်​၏။ သား​တော်​သည်​ငါ့​ကို ချစ်​တော်​မူ​သ​ဖြင့်​ငါ​၏​အ​တွက်​မိ​မိ အ​သက်​ကို​စွန့်​တော်​မူ​၏။-

ငါ့​သား​တိ​မော​သေ၊ အ​ခါ​တစ်​ပါး​က​သင့်​ကို ရည်​စူး​၍​ပ​ရော​ဖက်​တို့​ဟော​ကြား​ကြ​သည့် အ​တိုင်း ငါ​သည်​ဤ​အ​လုပ်​တာ​ဝန်​ကို​သင့်​အား ပေး​အပ်​၏။ ကောင်း​စွာ​တိုက်​ခိုက်​ရန်​ထို​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လက်​နက် သ​ဖွယ်​အ​သုံး​ပြု​လော့။-

ငါ​သည်​ပြေး​ပွဲ​တွင်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​ပြီ။ တာ​အ​ဆုံး​တိုင်​အောင်​ပြေး​ခဲ့​ပြီ။ ယုံ​ကြည်​ခြင်း တ​ရား​ကို​စောင့်​ထိန်း​ခဲ့​ပြီ။-

ထို့​ကြောင့်​ဤ​မျှ​များ​စွာ​သော​သက်​သေ​အ​ပေါင်း တို့​သည်​ငါ​တို့​အား​ဝိုင်း​ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​နှောင့်​အ​ယှက်​ဖြစ်​သော​ဝန်​ရှိ​သ​မျှ ကို​လည်း​ကောင်း၊ မိ​မိ​တို့​အား​တွယ်​ကပ်​လျက်​နေ သည့်​အ​ပြစ်​ဟူ​သ​မျှ​ကို​လည်း​ကောင်း​ဖယ်​ရှား ပြီး​လျှင် ငါ​တို့​မျက်​မှောက်​၌​ထား​သော​ပန်း​တိုင် သို့​ရောက်​ခြင်း​ငှာ​ဇွဲ​လုံ့​လ​ဖြင့်​ပြေး​ကြ​ကုန် အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ