Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ သက် 4:12

Common Language Bible

ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​အ​သင်း​တော်​ဝင် မ​ဟုတ် သူ​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​မှီ​ခို​ရန်​လည်း လို​လိမ့်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​နှင့်​ဆိုင်​သော ခက်​ခဲ​နက်​နဲ​သည့် အ​ကြောင်း​အ​ရာ​တို့​ကို​သိ​နိုင်​ခွင့်​ရ​ရှိ​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခွင့်​မ​ရ​သော​သူ​တို့​ကား ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​သာ​ကြား​သိ​ရ​ပေ​သည်။-

အ​ဘယ်​သူ​ကို​မျှ​လက်​စား​မ​ချေ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တင့်​တယ်​လျောက်​ပတ် စွာ​ပြု​ကျင့်​ကြ​လော့။-

ငါ​တို့​သည်​အ​လင်း​တွင်​ကျင်​လည်​သူ​များ ကဲ့​သို့​ကောင်း​မွန်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ ကြ​ရ​မည်။ အ​ရက်​သေ​စာ​သောက်​ကြူး​ခြင်း၊ အ​ကျင့်​ဖောက်​ပြား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း​နှင့်​မ​နာ​လို​ခြင်း​တို့​ကို ရှောင်​ကြဉ်​ကြ​ရ​မည်။-

ခိုး​ဝှက်​ဖူး​သူ​သည်​နောက်​တစ်​ဖန်​မ​ခိုး​ဝှက်​တော့​ဘဲ ချို့​တဲ့​သူ​များ​အား​ဝေ​မျှ​ပေး​ကမ်း​နိုင်​ရန် မိ​မိ လက်​ဖြင့်​အ​လုပ်​ကို​ရိုး​ဖြောင့်​စွာ​ကြိုး​စား​လုပ် ကိုင်​စေ။-

ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပြော​ရ လျှင် သင်​တို့​သည်​မှန်​ကန်​သော​အ​ရာ၊ မွန်​မြတ် သော​အ​ရာ၊ လျောက်​ပတ်​သော​အ​ရာ၊ ဖြူ​စင် သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ အ​သ​ရေ ရှိ​သော​အ​ရာ​တည်း​ဟူ​သော​ကောင်း​မြတ်​၍ ချီး​မွမ်း​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။-

သင်​တို့​ရ​ရှိ​သည့်​အ​ခွင့်​ကောင်း​မှန်​သ​မျှ​ကို အ​သုံး​ပြု​ကာ အ​ခြား​ဘာ​သာ​ဝင်​တို့​အား ပ​ညာ​သ​တိ​နှင့်​ဆက်​ဆံ​ကြ​လော့။-

မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။

ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​မ​ခံ​ရ​စေ​ရန်​နှင့်​မာရ်​နတ် ၏​ကျော့​ကွင်း​ထဲ​သို့​မ​ကျ​ရောက်​စေ​ရန်​သူ သည်​အ​သင်း​တော်​အ​ပ​ရှိ​လူ​တို့​၏​ရို​သေ လေး​စား​မှု​ကို​ခံ​ရ​သူ​ဖြစ်​ရ​မည်။

မ​ယုံ​ကြည်​သူ​တို့​သည်​သင်​တို့​အား​မ​ကောင်း မှု​ပြု​ကြ​သူ​များ​ဟု ပြစ်​တင်​စွပ်​စွဲ​လျက်​နေ ကြ​စဉ် သင်​တို့​၏​အ​ကျင့်​ကောင်း​များ​ကို​မြင် သ​ဖြင့်​ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ကြ​စေ​ရန် သင်​တို့​သည်​ထို​သူ​တို့​ရှေ့​တွင်​တင့် တယ်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ​လျက် နေ​ကြ​လော့။

ထို​နည်း​တူ​စွာ​ဇ​နီး​တို့၊ သင်​တို့​ခင်​ပွန်း​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​ကြ​လော့။ ဤ​နည်း​အား ဖြင့်​သင်​တို့​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် ကို​မ​ယုံ​ကြည်​သူ​ခင်​ပွန်း​များ​ရှိ​ပါ​မူ သင်​တို့ ၏​အ​ကျင့်​အ​ကြံ​အ​ပြု​အ​မူ​က​သူ​တို့​အား ယုံ​ကြည်​လာ​စေ​လိမ့်​မည်။ သင်​တို့​နှုတ်​ဖြင့်​ပြော ရန်​ပင်​မ​လို​ပေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ