Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ သက် 4:11

Common Language Bible

သင်​တို့​သည်​ယ​ခင်​က​ငါ​တို့​ညွှန်​ကြား​ခဲ့​သည့် အ​တိုင်း​ငြိမ်​ဝပ်​စွာ​နေ​ထိုင်​ရန်​လည်း​ကောင်း၊ ကိုယ့် အ​ရေး​ကိစ္စ​ကို​ဂ​ရု​စိုက်​ရန်​လည်း​ကောင်း၊ ကိုယ့် လက်​ဖြင့်​လုပ်​ကိုင်​ရန်​လည်း​ကောင်း​ကြိုး​စား အား​ထုတ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။

ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။

ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကို ကျက်စားခြင်းနှင့်ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက်သာ၍ ကောင်း၏။

သို့​ဖြစ်​၍​ငါ​တို့​ကို​ကယ်​တော်​မူ​ရန်​ကိုယ်​တော်​အား သည်း​ခံ​စောင့်​မျှော်​နေ​ခြင်း​သည်​ငါ​တို့​အ​ဖို့ အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။

ဥ​ပ​မာ​ဆို​သော်​နိုင်​ငံ​ရပ်​ခြား​သို့​သွား​သူ​လူ တစ်​ယောက်​သည် မိ​မိ​၏​အိမ်​ကို​ငယ်​သား​များ လက်​တွင်​အပ်​ထား​ခဲ့​၏။ သူ​တို့​အား​ကိုယ်​စီ ကိုယ်​ငှ​လုပ်​ဆောင်​ရန်​တာ​ဝန်​ဝတ္တ​ရား​များ ကို​ပေး​အပ်​ခဲ့​၏။ တံ​ခါး​မှူး​အား​သ​တိ​နှင့် စောင့်​နေ​ရန်​မှာ​ထား​ခဲ့​၏။-

ထို​သူ​တို့​သည်​ပေါ​လု​ကဲ့​သို့​သား​ရေ​အ​လုပ် သ​မား​များ​ဖြစ်​ကြ​၏။ သို့​ဖြစ်​၍​ပေါ​လု​သည် သူ​တို့​ထံ​သို့​သွား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ နေ​၍​အ​လုပ်​လုပ်​၏။-

ငါ​၏​နည်း​တူ​သင်​တို့​သည်​လည်း​ခပ်​သိမ်း​သော အ​ခြေ​အ​နေ​တွင် အ​လုပ်​ကို​ကြိုး​စား​၍​လုပ် ပြီး​လျှင် နွမ်း​ပါး​သူ​တို့​ကို​ကူ​ညီ​မ​စ​ကြ​ရန် ငါ​ပြ​သ​ခဲ့​ပြီ။ သ​ခင်​ယေ​ရှု​က `စွန့်​ကြဲ​ခြင်း သည်​အ​စွန့်​ကြဲ​ခံ​ခြင်း​ထက်​ပို​၍​မင်္ဂ​လာ​ရှိ​၏' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။

မ​ပျင်း​မ​ရိ​ဘဲ​အ​လုပ်​ကို​ကြိုး​စား​အား ထုတ်​လုပ်​ကိုင်​ကြ​လော့။ စိတ်​အား​ထက်​သန် စွာ​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ကြ​လော့။-

သူ​တစ်​ပါး​တို့​ချ​ခဲ့​သည့်​တိုက်​မြစ်​ပေါ်​တွင် ငါ​မ​တည်​မ​ဆောက်​လို။ ငါ​၏​ဆန္ဒ​မှာ​ခ​ရစ်​တော် ၏​အ​ကြောင်း​ကို​မ​ကြား​ဘူး​သေး​သော​အ​ရပ် တို့​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​ဖြစ် သည်။-

လက်​ဖြင့်​ပင်​ပန်း​ကြီး​စွာ​လုပ်​ဆောင်​ကြ​ရ​၏။ ငါ​တို့​သည်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ​၏။ ညှင်း​ဆဲ​ခြင်း​ခံ​ရ​သော အ​ခါ​သည်း​ခံ​ကြ​၏။-

ငါ​တို့​သည်​ဤ​အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ၊ ထို အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ​ငါ​တို့​ကို​စိတ်​တော် နှင့်​တွေ့​ရန်​အ​ထူး​သ​ဖြင့်​လို​လား​ကြ​၏။-

ခိုး​ဝှက်​ဖူး​သူ​သည်​နောက်​တစ်​ဖန်​မ​ခိုး​ဝှက်​တော့​ဘဲ ချို့​တဲ့​သူ​များ​အား​ဝေ​မျှ​ပေး​ကမ်း​နိုင်​ရန် မိ​မိ လက်​ဖြင့်​အ​လုပ်​ကို​ရိုး​ဖြောင့်​စွာ​ကြိုး​စား​လုပ် ကိုင်​စေ။-

ငါ​တို့​သည်​ဘု​ရား​ဝတ်​၌​မွေ့​လျော်​ကာ ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​နိုင်​ကြ​မည် အ​ကြောင်း ရှင်​ဘု​ရင်​များ​နှင့်​အာ​ဏာ​ပိုင် အ​ပေါင်း​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လော့။-

ထို​မှ​တစ်​ပါး​လည်း​သူ​တို့​သည် တစ်​အိမ်​တက် တစ်​အိမ်​ဆင်း​သွား​ရောက်​လည်​ပတ်​ကာ အ​ချိန် ဖြုန်း​တတ်​လေ​သည်။ ယင်း​သို့​အ​ချိန်​ဖြုန်း​ရုံ​မျှ မ​က​မ​ပြော​သင့်​သည့်​စ​ကား​များ​ကို​ပြော​ဆို လျက် အ​တင်း​ပြော​ကာ​မိ​မိ​တို့​နှင့်​မ​ဆိုင်​သည့် အ​မှု​ကိစ္စ​များ​တွင်​ဝင်​ရောက်​စွက်​ဖက်​၍​လာ တတ်​လေ​သည်။-

စား​ဝတ်​နေ​ရေး​အ​တွက်​အ​မှန်​တ​ကယ်​လို​အပ် သည်​တို့​ကို​ရ​ရှိ​နိုင်​ရန် ငါ​တို့​၏​လူ​စု​သည် ကောင်း​သော​အ​သက်​မွေး​မှု​ကို​ပြု​ကြ​ရန်​သွန် သင်​လော့။ မိ​မိ​တို့​၏​လုပ်​အား​ကို​အ​ချည်း​နှီး မ​ဖြစ်​စေ​ရ​ကြ။

မိ​မိ​တို့​အ​တွင်း​စိတ်​နှ​လုံး​နှင့်​ဆိုင်​သော နူး​ညံ့​သိမ်​မွေ့​သည့်​သ​ဘော​တည်း​ဟူ​သော ထာ​ဝ​စဉ်​လှ​ပ​မှု​ပေါ်​တွင်​တည်​စေ​ကြ​လော့။ ယင်း​လှ​ပ​မှု​သည်​ဘု​ရား​သ​ခင်​ရှေ့​တော် မှောက်​၌၊ အ​လွန်​အ​ဖိုး​ထိုက်​ပေ​သည်။-

သင်​တို့​တွင်​မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​လူ​သတ် မှု၊ ခိုး​မှု၊ ရာ​ဇ​ဝတ်​မှု​သို့​မ​ဟုတ်​သူ​တစ်​ပါး​၏ ကိစ္စ​တွင်​ဝင်​ရောက်​စွက်​ဖက်​မှု​ဖြင့်​ပြစ်​ဒဏ်​မ​ခံ ရ​စေ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ