ထိုနည်းတူစွာမေရာရိသားချင်းစုတို့သည် ရုဗင်နယ်၊ ဂဒ်နယ်နှင့်ဇာဗုလုန်နယ်တို့မှမြို့ တစ်ဆယ့်နှစ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ ၍ခွဲဝေယူရကြ၏။-
လေဝိနှင့်သူ၏သားများဖြစ်ကြသောဂေရရှုံ၊ ကောဟတ်၊ မေရာရိ။-
ဂေရရှုံသားချင်းစုတို့သည် ဣသခါနယ်၊ အာရှာနယ်၊ နဿလိနယ်၊ ဗာရှန်ပြည်အရှေ့ မနာရှေနယ်တို့မှမြို့တစ်ဆယ့်သုံးမြို့ကို အိမ်ထောင်စုအလိုက်မဲချ၍ခွဲဝေယူရ ကြ၏။-
ရုဗင်အနွယ်အတွက်ကုန်းပြင်သဲကန္တာရရှိ ဗေဇာမြို့ကိုလည်းကောင်း၊ ဂဒ်အနွယ်အတွက် ဂိလဒ်ဒေသရှိရာမုတ်မြို့ကိုလည်းကောင်း၊ မနာ ရှေအနွယ်အတွက်ဗာရှန်ဒေသရှိဂေါလန် မြို့ကိုလည်းကောင်း ခိုလှုံရာမြို့များအဖြစ် သတ်မှတ်ပေးသည်။
မေရာရိသားချင်းစုတို့အတွက်မြို့တစ်ဆယ့် နှစ်မြို့ကိုရုဗင်နယ်မြေ၊ ဂဒ်နယ်မြေ၊ ဇာဗုလုန် နယ်မြေထဲမှသတ်မှတ်ပေးကြလေသည်။