Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 6:62

Common Language Bible

ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​သည် ဣ​သ​ခါ​နယ်၊ အာ​ရှာ​နယ်၊ န​ဿ​လိ​နယ်၊ ဗာ​ရှန်​ပြည်​အ​ရှေ့ မ​နာ​ရှေ​နယ်​တို့​မှ​မြို့​တစ်​ဆယ့်​သုံး​မြို့​ကို အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ရ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​တွင်​အ​ခြား​တာ​ဝန် ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။

ကော​ဟပ်​သား​ချင်း​စု​ထဲ​မှ​ကျန်​ရှိ​နေ​သော သူ​တို့​သည် အ​နောက်​ပိုင်း​မ​နာ​ရှေ​နယ်​ရှိ​မြို့ ဆယ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ​၍ ခွဲ​ဝေ​ယူ​ရ​ကြ​၏။

ထို​နည်း​တူ​စွာ​မေ​ရာ​ရိ​သား​ချင်း​စု​တို့​သည် ရု​ဗင်​နယ်၊ ဂဒ်​နယ်​နှင့်​ဇာ​ဗု​လုန်​နယ်​တို့​မှ​မြို့ တစ်​ဆယ့်​နှစ်​မြို့​ကို​အိမ်​ထောင်​စု​အ​လိုက်​မဲ​ချ ၍​ခွဲ​ဝေ​ယူ​ရ​ကြ​၏။-

ဇိ​ပေါ​ရ​သည်​သား​တစ်​ယောက်​ကို​ဖွား​မြင်​သော အ​ခါ၊ မော​ရှေ​က``ငါ​သည်​တစ်​ရပ်​တစ်​ကျေး​တွင် ဧည့်​သည်​ဖြစ်​ရ​ပါ​သည်'' ဟု​ဆို​၍​ထို​သား​ကို ဂေ​ရ​ရှုံ​ဟု​နာ​မည်​မှည့်​လေ​၏။

နယ်​နိ​မိတ်​သည်​တာ​ဗော်​မြို့၊ ရှာ​ဟ​ဇိ​မ​မြို့၊ ဗက်​ရှေ​မက်​မြို့​များ​ကို​ဖြတ်​၍​ယော်​ဒန်​မြစ် တွင်​အ​ဆုံး​သတ်​သည်။ ဤ​နယ်​မြေ​တွင်​မြို့ ကြီး​တစ်​ဆယ့်​ခြောက်​မြို့​နှင့်​ယင်း​တို့​၏ ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ​ပါ​ဝင်​သည်။-

ဂေ​ရ​ရှုံ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် သုံး​မြို့​ကို​ဣ​သ​ခါ​နယ်​မြေ၊ အာ​ရှာ​နယ်​မြေ၊ န​ဿ​လိ​နယ်​မြေ၊ အ​ရှေ့​မ​နာ​ရှေ​နယ်​မြေ​ထဲ မှ​သတ်​မှတ်​ပေး​ကြ​သည်။

မေ​ရာ​ရိ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် နှစ်​မြို့​ကို​ရု​ဗင်​နယ်​မြေ၊ ဂဒ်​နယ်​မြေ၊ ဇာ​ဗု​လုန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ