Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 6:44

Common Language Bible

မေ​ရာ​ရိ​သား​ချင်း​စု​မှ​ဧ​သန်​သည်​တ​တိ​ယ သံ​စုံ​သီ​ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​ဖြစ်​၏။ ဧ​သန် ၏​အ​ဖ​သည်​ကိ​ရှိ၊ ကိ​ရှိ​၏​အ​ဖ​မှာ​အာ​ဖ​ဒိ၊ အာ​ဖ​ဒိ​၏​အ​ဖ​ကား​မလ္လုတ်​ဖြစ်​၏။ မလ္လုတ် ၏​အ​ဖ​သည်​ဟာ​ရှ​ဗိ၊ ဟာ​ရှ​ဗိ​၏​အ​ဖ​မှာ အာ​မ​ဇိ၊ အာ​မ​ဇိ​၏​အ​ဖ​ကား​ဟိ​လ​ခိ ဖြစ်​၏။ ဟိ​လ​ခိ​၏​အ​ဖ​သည်​အံ​ဇိ၊ အံ​ဇိ ၏​အ​ဖ​မှာ​ဗာ​နိ၊ ဗာ​နိ​၏​အ​ဖ​ကား​ရှ​မေ​ရ ဖြစ်​၏။ ရှ​မေ​ရ​၏​အ​ဖ​သည်​မ​ဟာ​လိ၊ မ​ဟာ လိ​၏​အ​ဖ​မှာ​မု​ရှိ၊ မု​ရှိ​၏​အ​ဖ​ကား​မေ ရာ​ရိ​ဖြစ်​၍ မေ​ရာ​ရိ​၏​အ​ဖ​သည်​လေ​ဝိ ဖြစ်​၏။ ဤ​သို့​လျှင်​ဧ​သန်​၏​ဘိုး​ဘေး​စာ​ရင်း သည်​လေ​ဝိ​တွင်​အ​ဆုံး​သတ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ကြေး​လင်း​ကွင်း​တီး​ရန်​အ​ဆို တော်​သား​ချင်း​စု​များ​မှ​ယော​လ​၏​သား ဟေ​မန်​နှင့် သူ​၏​ဆွေ​မျိုး​ဗေ​ရ​ခိ​၏​သား အာ​သပ်​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု​မှ​ကု​ရှာ​ယ ၏​သား​ဧ​သန်​ကို​ရွေး​ချယ်​ကြ​၏။ ထို​သူ​တို့ ကို​ကူ​ညီ​ရာ​တွင်​အ​သံ​မြင့်​စောင်း​များ​ကို တီး​ရန်​ဇာ​ခ​ရိ၊ ဗင်​ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥန္နိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ မာ သေ​ယ၊ မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ ဟူ​သော​လေဝိ​အ​နွယ်​ဝင်​တို့​ကို​ရွေး​ချယ် ကြ​၏။ အ​သံ​နိမ့်​စောင်း​များ​တီး​ရန်​အ​တွက် မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ​နှင့်​ဗိ​မာန်​တော်​စောင့် သြ​ဗ​ဒေ​ဒုံ၊ ယေ​လ​နှင့်​အာ​ဇ​ဇိ​တို့​ကို ရွေး​ချယ်​ကြ​၏။

ဒါ​ဝိဒ်​နှင့်​လေဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​တို့ သည် ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​အ​မှု​၌​ဦး​ဆောင် ရန်​အာ​သပ်၊ ဟေ​မန်​နှင့်​ယေ​ဒု​သုန်​သား​ချင်း စု​တို့​ကို​ရွေး​ချယ်​ကြ​၏။ သူ​တို့​သည်​စောင်း သံ၊ လင်း​ကွင်း​သံ​များ​နှင့်​တွဲ​ဖက်​လျက် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​ကြ ရန်​ဖြစ်​၏။ ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ဦး​ဆောင်​ရန် ရွေး​ချယ်​ခြင်း​ခံ​သူ​များ​နှင့်​သူ​တို့​ထမ်း ဆောင်​ရ​မည့်​အ​လုပ်​တာ​ဝန်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။

ယေ​ဒု​သုန်​၏​သား​ခြောက်​ယောက်​ဖြစ်​ကြ​သော ဂေ​ဒ​လိ၊ ဇေ​ရိ၊ ရှိ​မိ၊ ယေ​ရှာ​ယ၊ ဟာ​ရှ​ဘိ၊ မတ္တိ သိ​တို့​သည်​မိ​မိ​တို့​၏​ဖ​ခင်​ညွှန်​ကြား​ကွပ်​ကဲ မှု​ကို​ခံ​ယူ​လျက် စောင်း​သံ​နှင့်​တွဲ​ဖက်​၍​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ခြင်း၊ ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ခြင်း​အ​မှု​တို့​ကို​ပြု​ရ​ကြ​၏။

သူ​တို့​အား​လုံး​ပင်​ဖ​ခင်​စီ​စဉ်​ညွှန်​ကြား​မှု​အ​ရ၊ လင်း​ကွင်း​နှင့်​စောင်း​များ​ကို​ဗိ​မာန်​တော်​ဝတ်​ပြု ကိုး​ကွယ်​မှု​နှင့်​တွဲ​ဖက်​၍​တီး​ကြ​၏။ အာ​သပ်၊ ယေ​ဒု​သုန်​နှင့်​ဟေ​မန်​တို့​သည်​ဘု​ရင်​၏ အ​မိန့်​တော်​ခံ​များ​ဖြစ်​ကြ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​အ​စဉ်​သီ​ချင်း​ဆို ပါ​မည်။ အ​ခါ​ခပ်​သိမ်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ