၁ ရာချုပ် 6:39Common Language Bibleဒုတိယသံစုံသီချင်းအဖွဲ့ခေါင်းဆောင်မှာ အာသပ်ဖြစ်၏။ အာသပ်၏အဖသည်ဗေရခိ၊ ဗေရခိ၏အဖမှာရှိမာ၊ ရှိမာ၏အဖကား မိက္ခေလဖြစ်၏။ မိက္ခေလ၏အဖသည်ဗာသေ ယ၊ ဗာသေယ၏အဖမှာမာလခိ၊ မာလခိ ၏အဖကားဧသနိဖြစ်၏။ ဧသနိ၏ အဖသည်ဇေရ၊ ဇေရ၏အဖမှာအဒါယ၊ အဒါယ၏အဖကားဧသန်ဖြစ်၏။ ဧသန် ၏အဖသည်ဇိမ္မ၊ ဇိမ္မ၏အဖမှာရှိမိ၊ ရှိမိ ၏အဖသည်ယာဟတ်ဖြစ်၏။ ယာဟတ်၏ အဖသည်ဂေရရှုံ၊ ဂေရရှုံ၏အဖကား လေဝိဖြစ်၏။ ဤသို့လျှင်အာသပ်၏ဘိုး ဘေးစာရင်းသည်လေဝိတွင်အဆုံးသတ် သတည်း။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
အာသပ်သားချင်းစုမှဂီတပညာသည် များဖြစ်ကြသည့်အာသပ်၊ ဟေမန်နှင့်ဘုရင် ပရောဖက်ယေဒုသုန်တို့သည်ဒါဝိဒ်မင်း ညွှန်ကြားချက်အရ မိမိတို့နှင့်ဆိုင်ရာနေရာ များတွင်ရှိနေကြ၏။ ဗိမာန်တော်အစောင့် တပ်သားများသည်မိမိတို့အားသတ်မှတ် ချထားသည့်နေရာများမှထွက်ခွာကြရန် မလို။ အဘယ်ကြောင့်ဆိုသော်သူတို့အတွက် အခြားလေဝိအနွယ်ဝင်များက ပသခါ ညစာကိုပြင်ဆင်ပေးကြသောကြောင့် ဖြစ်၏။-
တည်ဆောက်သူတို့သည်ဗိမာန်တော်ကိုအုတ် မြစ်ချကြသောအခါ ယဇ်ပုရောဟိတ်တို့ သည်မိမိတို့ဝတ်လုံများကိုဝတ်၍ တံပိုး ခရာများကိုကိုင်ဆောင်ကာနေရာယူကြ၏။ အာသပ်သားချင်းစုမှလေဝိအနွယ်ဝင်တို့ ကလင်းကွင်းများကိုကိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းပေးခဲ့သည့်ညွှန်ကြားချက်အတိုင်း ထာဝရဘုရားအားထောမနာပြုကြ၏။-
ဇာဗဒိ၏မြေး၊ မိက္ခာ၏သားမဿနိ။ သူသည် အာသပ်မှဆင်းသက်လာသူဖြစ်၏။ သူသည် ကျေးဇူးတော်ချီးမွမ်းရာဆုတောင်းပတ္ထနာ သီချင်းကိုသီဆိုရာတွင်ဗိမာန်တော်သီ ချင်းအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက် သူဖြစ်၏။ မဿနိ၏လက်ထောက်ဗာကဗုကိ။ ဂလာလ၏မြေး၊ ရှမွာ၏သားသြဗဒိ။ သူ သည်ယေဒုသုန်မှဆင်းသက်လာသူဖြစ်၏။
ယေရုရှလင်မြို့တွင်နေထိုင်သူလေဝိအနွယ် ဝင်တို့ကို ကွပ်ကဲအုပ်ချုပ်သူမှာဟာရှဘိ၏ မြေး၊ ဗာနိ၏သားသြဇိဖြစ်၏။ သူ၏ဘိုးဘေး များတွင်မဿနိနှင့်မိက္ခာတို့ပါဝင်၏။ သူသည် ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုဆိုင်ရာဂီတ တာဝန်ခံဖြစ်သည့်အာသပ်သားချင်းစု ဝင်ဖြစ်ပေသည်။-
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ ကိုယ်တော်ရှင်သည်အဘယ်မျှကြီးမြတ်တော်မူ သည်ကိုထုတ်ဖော်ကြေညာ၍ ပြုတော်မူသောအံ့သြဖွယ်ရာများအကြောင်း ကို ပြောကြားကြပါ၏။
လေဝိအနွယ်ဝင်ကောဟတ်သားချင်းစုတို့ အတွက် မြို့များကိုဦးစွာခွဲဝေသတ်မှတ် ပေးကြသည်။ ထိုသို့ခွဲဝေပေးရာ၌ယဇ် ပုရောဟိတ်အာရုန်မှဆင်းသက်သောလေဝိ အနွယ်ဝင်တို့အတွက် မြို့တစ်ဆယ့်သုံးမြို့ ကိုယုဒနယ်မြေ၊ ရှိမောင်နယ်မြေ၊ ဗင်္ယာမိန် နယ်မြေထဲမှသတ်မှတ်ပေးကြသည်။-