Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 28:21

Common Language Bible

ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင် တို့​အား ဗိ​မာန်​တော်​တွင်​ဆောင်​ရွက်​ရန် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ခွဲ​ခန့်​သတ်​မှတ် ပေး​ပြီး​ဖြစ်​လေ​ပြီ။ အ​ဘက်​ဘက်​မှ​ကျွမ်း ကျင်​သူ​အ​လုပ်​သ​မား​တို့​သည် သင့်​အား ကူ​ညီ​ရန်​စိတ်​အား​ထက်​သန်​လျက်​ရှိ​ကြ ၏။ လူ​အ​ပေါင်း​နှင့်​သူ​တို့​၏​ခေါင်း​ဆောင် များ​သည်​လည်း​သင်​၏​အ​မိန့်​ကို​လိုက် နာ​ဆောင်​ရွက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။-

ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား များ​ကို​ထမ်း​ဆောင်​မှု၊ ဗိ​မာန်​တော်​ဝေ​ယျာ ဝစ္စ​များ​ကို​ဆောင်​ရွက်​မှု​နှင့်၊ ဗိ​မာန်​တော် ခွက်​ဖ​လား​များ​ကို​ထိန်း​သိမ်း​မှု​တို့ အ​တွက်​စည်း​ရုံး​ဖွဲ့​စည်း​ခြင်း​ဆိုင်​ရာ အ​စီ​အ​စဉ်​များ​ကို​လည်း​ပေး​အပ် တော်​မူ​၏။-

ရန်​သူ​တို့​အား​အ​ရှင်​မင်း​ကြီး​တိုက်​ခိုက် တော်​မူ​သော​နေ့​၌ အ​ရှင်​၏​ပြည်​သား​တို့​သည်​အ​လို​အ​လျောက် ကိုယ်​တော်​နှင့်​လိုက်​ပါ​ချီ​တက်​ကြ​ပါ​လိမ့်​မည်။ နံ​နက်​ချိန်​၌​ကျ​သည့်​ဆီး​နှင်း​ကဲ့​သို့​သန်​စွမ်း သော လူ​ငယ်​လူ​ရွယ်​အ​မြောက်​အ​မြား​သည် အ​ရှင်​မင်း​ကြီး​ရှိ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​ပေါ်​သို့​ရောက်​ရှိ​ကြ​ပါ​လိမ့်​မည်။

သူ​သည် ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ​အ​မျိုး​မျိုး ဖော်​လုပ်​နိုင်​သော​အ​တတ်၊ ကျောက်​မျက်​တို့ ကို​သွေး​၍​စီ​ခြယ်​သော​အ​တတ်၊ သစ်​သား ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ​သည့်​အ​နု ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ကျွမ်း​ကျင် ပြောင်​မြောက်​စေ​ခြင်း​ငှာ၊ ငါ​သည်​သူ့​အား အ​စွမ်း​တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။-

ချည်​ငင်​ကျွမ်း​ကျင်​သူ​အမျိုး​သမီး​အ​ပေါင်း​သည်၊ သိုး​မွေး​ချည်​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​နှင့် ပိတ်​ချော​ချည်၊ ဆိတ်​မွေး​ချည်​တို့​ကို​ဆက်​ကပ် ကြ​၏။-

``ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ​တို့​သည် လည်း​ကောင်း၊ တဲ​တော်​ကို​ဆောက်​ရန်​ထာ​ဝရ ဘု​ရား​ထံ​တော်​မှ လို​အပ်​သော​ကျွမ်း​ကျင် မှု​နှင့်​နား​လည်​မှု​ကို​ရ​ရှိ​ထား​သူ အ​ခြား အ​တတ်​ပ​ညာ​ရှင်​အ​ပေါင်း​တို့​သည်​လည်း ကောင်း ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို လေ​၏။

မော​ရှေ​သည်​ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ တို့​ကို​လည်း​ကောင်း၊ တဲ​တော်​ဆောက်​ရန်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​လို​အပ်​သော​အ​တတ်​ပ​ညာ​ကို ရ​ရှိ​ထား​သူ​များ​နှင့် ကူ​ညီ​ရန်​စေ​တ​နာ ထက်​သန်​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဆင့်​ခေါ်​၍​လုပ်​ငန်း​ကို​စ​တင်​ဆောင်​ရွက် စေ​၏။-

လူ​တိုင်း​ပင်​အ​စိုး​ရ​မင်း​တို့​၏​အ​မိန့်​အာ​ဏာ ကို​လိုက်​နာ​ကြ​ရ​မည်။ အ​ဘယ်​အ​စိုး​ရ​မျှ ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ရပ် မ​တည်​နိုင်။ အာ​ဏာ​ရ​အ​စိုး​ရ​မင်း​သည် ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​ရ​၍​သာ​အုပ်​စိုး ရ​၏။-

တိုင်း​ပြည်​အုပ်​ချုပ်​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​၍ သူ​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​ရန်​လည်း​ကောင်း၊ ကောင်း​မြတ်​သော အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို​ဆောင်​ရွက်​ဖို့​အ​သင့်​ရှိ ကြ​ရန်​လည်း​ကောင်း သင်​၏​လူ​စု​အား​သ​တိ ပေး​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ