Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 28:20

Common Language Bible

ဒါ​ဝိဒ်​မင်း​သည်​သား​တော်​ရှော​လ​မုန်​အား``သင် သည်​တည်​ကြည်​ခိုင်​ခန့်​၍​ဇွဲ​သတ္တိ​ရှိ​လော့။ အ​လုပ် ကို​အ​စ​ပြု​လော့။ အ​ဘယ်​အ​ရာ​မျှ​သင့်​အား မ​ဆီး​မ​တား​စေ​နှင့်။ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​စွန့်​ပစ် တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ဗိ​မာန်​တော်​အ​တွက် လို​အပ်​သ​မျှ​သော​အ​မှု​ကိစ္စ​များ​ပြီး​ဆုံး သည်​တိုင်​အောင် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​မင်း​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ်​မြောက်၊ ဗု​လ ခေါ်​အ​ဋ္ဌ​မ​လ​၌ ဗိ​မာန်​တော်​ကို​ရေး​ဆွဲ​ထား​သည့် ပုံ​စံ​အ​တိုင်း​တစ်​သ​ဝေ​မ​တိမ်း​ဆောက်​လုပ်​ပြီး လေ​သည်။ ယင်း​သို့​ဆောက်​လုပ်​မှု​မှာ​ခု​နစ်​နှစ် တိုင်​တိုင်​ကြာ​သ​တည်း။

သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​တွက် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပညတ်​တော်​တို့​ကို​စောင့်​ထိန်း ပါ​မူ သင်​၏​အ​ကြံ​အ​စည်​ထ​မြာက်​လိမ့် မည်။ အား​မာန်​တင်း​၍​စိတ်​ချ​ယုံ​ကြည် လော့။ အ​ဘယ်​အ​ရာ​ကို​မျှ​မကြောက်​နှင့်။-

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့် မြတ်​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် အ​တွက် သင့်​အား​ရွေး​ချယ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​သင်​သိ​မှတ်​ရ​ပေ​မည်။ သို့​ဖြစ်​၍ ယ​ခု​ပင်​လျှင်​ထို​ဗိ​မာန်​တော်​ကို​တည် ဆောက်​လော့။ အား​မာန်​တင်း​၍​တည်​ဆောက် လော့'' ဟု​မိန့်​တော်​မူ​၏။

ဘာ​သာ​ရေး​အမှု​အ​ခင်း​ရှိ​သ​မျှ​တွင်​ယဇ်​ပု​ရော ဟိတ်​မင်း​အာ​မ​ရိ​သည်​လည်း​ကောင်း၊ တ​ရား​အ​မှု မှန်​သ​မျှ​တွင် ဣရှ​မေ​လ​၏​သား၊ ယု​ဒ​ဘု​ရင်​ခံ ဇေ​ဗ​ဒိ​သည်​လည်း​ကောင်း​နောက်​ဆုံး​အာ​ဏာ​ပိုင် ဖြစ်​စေ​ရ​မည်။ တ​ရား​ရုံး​များ​မှ​ချ​မှတ်​သည့် စီ​ရင်​ချက်​များ​ကို​အ​ရေး​ယူ​ဆောင်​ရွက်​ရန်​မှာ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​တာ​ဝန်​ဖြစ်​၏။ သင်​တို့ သည်​ဤ​ညွှန်​ကြား​ချက်​များ​ကို​ရဲ​ရင့်​စွာ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မှန်​သူ​တို့​ဘက်​၌​ရှိ​တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။

ဤ​အ​မှု​ကို​အ​ရှင်​တာ​ဝန်​ယူ​ဆောင်​ရွက် တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​အား ဝိုင်း​ဝန်း​ကူ​ညီ​ကြ​ပါ​မည်။ သို့​ဖြစ်​၍​ရဲ​ရင့် စွာ​ဆောင်​ရွက်​တော်​မူ​ပါ'' ဟု​ပြော​၏။

မ​ကြောက်​ကြ​နှင့်၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​၏။ အ​ဘယ်​အ​မှု​အ​ရာ​ကို​မျှ​ငါ​တို့​အား​တုန်​လှုပ် ချောက်​ချား​မှု​မ​ဖြစ်​စေ​နှင့်။ ငါ​သည်​သင်​တို့​အား​ကြံ့​ခိုင်​စေ​၍​ကူ​မ​မည်။ သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၍ ကယ်​တင်​မည်။

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍ သင်​တို့​ကို​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​ပါ​၏။ `မ​ကြောက်​ကြ​နှင့်၊ငါ​ကူ​မ​တော်​မူ​မည်' ဟု သင်​တို့​အား​ပြော​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​တ​မန်​တော်​ဟ္ဂဲ သည်``ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​တို့​နှင့် အ​တူ​ရှိ​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​ကြောင်း လူ​တို့​အား​ဆင့်​ဆို​ပြော​ကြား​၏။-

သို့​ရာ​တွင် အို ပြည်​သူ​အ​ပေါင်း​တို့၊ စိတ်​အား မ​ငယ်​ကြ​နှင့်။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ သည်​ဖြစ်​၍​မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့် အ​မှု​ကို​သာ​သင်​တို့​လုပ်​ဆောင်​ကြ​လော့''ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-

အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။-

နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သင်​တို့​၏​ယုံ​ကြည် ခြင်း​တွင်​ခိုင်​မာ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ ရှိ​ကြ​လော့။-

အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ ထို လူ​မျိုး​တို့​ကို​မ​ကြောက်​ရွံ့​ကြ​နှင့်။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော် တိုင် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​မည်။ သင်​တို့ ကို​မု​ချ​ကူ​မ​တော်​မူ​မည်။ စွန့်​ပစ်​ထား တော်​မူ​မည်​မ​ဟုတ်'' ဟူ​၍​ဖြစ်​၏။

ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ကြင်​နာ​တတ် သော​ဘု​ရား​ဖြစ်​၏။ သင်​တို့​ကို​စွန့်​ပစ်​ဖျက် ဆီး​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​၏​ဘိုး​ဘေး တို့​နှင့်​ကိုယ်​တော်​တိုင်​ပြု​တော်​မူ​သော​ပ​ဋိ ညာဉ်​ကို​လည်း​မေ့​တော်​မူ​မည်​မ​ဟုတ်။''

သင်​တို့​သည်​ငွေ​အ​တွက်​အ​သက်​မ​ရှင်​နှင့်။ ရှိ​သ​မျှ​ဖြင့်​ရောင့်​ရဲ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့်၊ အ​ဘယ်​အ​ခါ ၌​မျှ​ပစ်​၍​မ​ထား'' ဟု​မိန့်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ