လေဝိမှဆင်းသက်လာသူအခြားအိမ်ထောင် ဦးစီးများမှာ ရှုဗွေလမှတစ်ဆင့်အာမရံ မှဆင်းသက်လာသူယေဒေယ။
ဂေရရှုံ၏သားတို့တွင်ရှေဗွေလသည် ခေါင်းဆောင်ဖြစ်၏။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်အရ ဘိုးဘေး အာရုန်စီရင်သတ်မှတ်ထားသည့်အတိုင်းဗိမာန် တော်သို့သွားရောက်၍ မိမိတို့အပ်နှင်းခံရသည့် တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြရန် ဤ သူတို့၏နာမည်များကိုမှတ်ပုံတင်၍ထား လေသည်။
ရေဟဘိမှဆင်းသက်လာသူဣရှယာ။
မောရှေ၏သားဂေရရှုံသားချင်းစုမှ ရှေဗွေလ သည်ဗိမာန်တော်ဘဏ္ဍာတိုက်၏တာဝန်ခံအုပ် ချုပ်ရေးမှူးဖြစ်၏။-
ကောဟတ်၏သားများမှာအာမရံ၊ ဣဇဟာ၊ ဟေဗြုန်နှင့်သြဇေလတို့ဖြစ်၏။-
ယဇ်ပုရောဟိတ်များသည်မိမိတို့သား ချင်းစုအလိုက် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရကြ၍အသက်နှစ်ဆယ်နှင့် အထက်ရှိလေဝိအနွယ်ဝင်များမှာမူ လုပ်ငန်း အဖွဲ့များအလိုက်တာဝန်ထမ်းဆောင်ကြ ရ၏။-