၁ ရာချုပ် 24:19Common Language Bibleဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်အရ ဘိုးဘေး အာရုန်စီရင်သတ်မှတ်ထားသည့်အတိုင်းဗိမာန် တော်သို့သွားရောက်၍ မိမိတို့အပ်နှင်းခံရသည့် တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြရန် ဤ သူတို့၏နာမည်များကိုမှတ်ပုံတင်၍ထား လေသည်။ အခန်းကိုကြည့်ပါ။ |
လေဝိအနွယ်ဝင်များနှင့်ယုဒပြည်သူ အပေါင်းတို့သည် ယောယဒ၏အမိန့်ကို နာခံကြလေသည်။ ဥပုသ်နေ့၌သူတို့သည် မိမိတို့တာဝန်ချိန်ကုန်ဆုံးသွားသော်လည်း အိမ်သို့မပြန်ရကြ။ သို့ဖြစ်၍တာဝန်မှူး တို့သည်တာဝန်ကျသူများနှင့် တာဝန် ပြီးဆုံးသူများကိုပါခေါ်ယူစေခိုင်း နိုင်ကြ၏။-
ဣသရေလအမျိုးသားတို့၏ပညတ်တရား ကိုပေးအပ်ရာ၌ လေဝိအနွယ်ဝင်ယဇ်ပုရော ဟိတ်များကိုအခြေခံ၍ပေးအပ်ခြင်းဖြစ်၏။ အကယ်၍လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ် တို့သည်ပြီးပြည့်စုံလင်အောင်ဆောင်ရွက်နိုင် ကြပါမူ အာရုန်၏အရိုက်အရာအစားမေ လခိဇေဒက်၏အရိုက်အရာကိုဆက်ခံသူ အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်း လာရန်မလိုပေ။-