Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 2:53

Common Language Bible

သူ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​တွင်​နေ ထိုင်​ကြ​ကုန်​သော​ဣ​သ​ရိ၊ ဖု​ဟိ၊ ရှု​မ​သိ​နှင့် မိ​ရှ​ရိ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​လည်း ဖြစ်​၏။ (ဇာ​ရာ​သိ​နှင့်​ဧ​ရှ​တော​လိ​အ​မျိုး သား​တို့​ကား​ထို​သား​ချင်း​စု​များ​မှ​ဆင်း သက်​လာ​သူ​များ​တည်း။)

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို​တည်​ထောင်​သူ ရှော​ဗာ​လ​သည်​ဟာ​ရော​အ​မျိုး​သား​များ​၏ ဘိုး​ဘေး​နှင့် မ​န​ဟေ​သိ​အ​မျိုး​သား​ထက် ဝက်​ခန့်​တို့​၏​ဘိုး​ဘေး​ဖြစ်​ပေ​သည်။-

ဗက်​လင်​မြို့​ကို​တည်​ထောင်​သူ​စ​လ​မ​သည် နေ​တော​ဖာ​သိ၊ အ​တ​ရုတ်၊ ဗက်​ယွာ​ဘ​သား ချင်း​စု​များ​နှင့်​ဇော​ရိ​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​ပေ​သည်။ ဇော​ရိ​သား​ချင်း​စု သည်​မ​န​ဟေ​သိ​သား​ချင်း​စု​နှစ်​စု​မှ တစ်​စု​ဖြစ်​၏။

ရှော​ဗာ​လ​၏​သား​သည်​ရာ​ယ၊ ရာ​ယ​၏​သား မှာ​ယာ​ဟတ်၊ ယာ​ဟတ်​၏​သား​များ​ကား အ​ဟု​မဲ​နှင့်​လာ​ဟဒ်​ဖြစ်​သ​တည်း။ ထို​သူ နှစ်​ဦး​တို့​သည်​ဇော​ရေ​သိ​တွင်​နေ​ထိုင်​ကြ သော​သူ​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။

တောင်​ခြေ​များ​ရှိ​မြို့​များ​မှာ​ဧ​ရှ​တော​လ မြို့၊ ဇော​ရာ​မြို့၊ အာ​ရှ​နာ​မြို့၊-

ထို​နယ်​မြေ​တွင်​ဇော​ရာ​မြို့၊ ဧ​ရှ​တော​လ မြို့၊ ဣ​ရ​ရှေ​မက်​မြို့၊-

သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​ရာ​သုံး​ရက်​မြောက် သော​နေ့​၌ ထို​သူ​တို့​နေ​ထိုင်​ရာ​မြို့​များ​ဖြစ် သော​ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့​နှင့် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​များ​သို့​ရောက်​ရှိ​ကြ လေ​သည်။-

ထို​ကာ​လ​၌​ဒန်​အ​နွယ်​ဝင်​ဇော​ရာ​မြို့​သား မာ​နော်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး​မှာ​မြုံ​၍​နေ​သ​ဖြင့်​သား​သ​မီး​မ​ရ နိုင်​ပေ။-

သူ​ငယ်​သည်​ဇော​ရာ​မြို့​နှင့်​ရှေ​တော​လ​မြို့ စပ်​ကြား​ဒန်​တပ်​စ​ခန်း​၌​ရှိ​နေ​စဉ် ထာ​ဝ​ရ ဘု​ရား​၏​တန်​ခိုး​တော်​သည်​သူ့​အား​စ​တင် ၍​ခွန်​အား​ကြီး​မား​လာ​စေ​တော်​မူ​သည်။

ရှံ​ဆုန်​၏​ညီ​များ​နှင့်​အ​ခြား​အိမ်​ထောင်​စု သား​တို့​သည် လာ​ရောက်​၍​သူ​၏​ရုပ်​အ​လောင်း ကို​ယူ​ပြီး​လျှင် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ မြို့​စပ်​ကြား​ရှိ​ဖ​ခင်​ဖြစ်​သူ​မာ​နော်​၏​သင်္ချိုင်း ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​သည်​နှစ်​ပေါင်း​နှစ် ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​လူ​မျိုး​၏​ခေါင်း ဆောင်​ဖြစ်​ခဲ့​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ