ကိရယတ်ယာရိမ်မြို့ကြီးကိုတည်ထောင်သူ ရှောဗာလသည်ဟာရောအမျိုးသားများ၏ ဘိုးဘေးနှင့် မနဟေသိအမျိုးသားထက် ဝက်ခန့်တို့၏ဘိုးဘေးဖြစ်ပေသည်။-
ရှောဗာလ၏ဒုတိယသားစလမသည် ဗက်လင်မြို့ကိုတည်ထောင်၍ သူ၏တတိယ သားဟာရပ်မူကားဗက်ဂါဒါမြို့ကိုတည် ထောင်သတည်း။
သူသည်ကိရယတ်ယာရိမ်မြို့ကြီးတွင်နေ ထိုင်ကြကုန်သောဣသရိ၊ ဖုဟိ၊ ရှုမသိနှင့် မိရှရိသားချင်းစုတို့၏ဘိုးဘေးလည်း ဖြစ်၏။ (ဇာရာသိနှင့်ဧရှတောလိအမျိုး သားတို့ကားထိုသားချင်းစုများမှဆင်း သက်လာသူများတည်း။)
ဗက်လင်မြို့ကိုတည်ထောင်သူစလမသည် နေတောဖာသိ၊ အတရုတ်၊ ဗက်ယွာဘသား ချင်းစုများနှင့်ဇောရိသားချင်းစုတို့၏ ဘိုးဘေးဖြစ်ပေသည်။ ဇောရိသားချင်းစု သည်မနဟေသိသားချင်းစုနှစ်စုမှ တစ်စုဖြစ်၏။
ရှောဗာလ၏သားသည်ရာယ၊ ရာယ၏သား မှာယာဟတ်၊ ယာဟတ်၏သားများကား အဟုမဲနှင့်လာဟဒ်ဖြစ်သတည်း။ ထိုသူ နှစ်ဦးတို့သည်ဇောရေသိတွင်နေထိုင်ကြ သောသူတို့၏ဘိုးဘေးများဖြစ်ကြ၏။
သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ထိုအရပ်မှထွက်ခွာခဲ့ကြရာသုံးရက်မြောက် သောနေ့၌ ထိုသူတို့နေထိုင်ရာမြို့များဖြစ် သောဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့နှင့် ကိရယတ်ယာရိမ်မြို့များသို့ရောက်ရှိကြ လေသည်။-