Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 18:8

Common Language Bible

သူ​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​တိ​ဗ​ဟတ် မြို့​နှင့် ခုန်​မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား ကို​လည်း​သိမ်း​ယူ​၍​သွား​လေ​သည်။ (နောင်​အ​ခါ ၌​ရှော​လ​မုန်​မင်း​သည်​ထို​ကြေး​ဝါ​တို့​ဖြင့်​ရေ ကန်​တိုင်​ကြီး​များ၊ ဗိ​မာန်​တော်​အ​တွက်​အိုး ခွက်​များ​ကို​ပြု​လုပ်​သ​တည်း။)

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​မြို့ များ​ဖြစ်​သော ဘေ​တ​မြို့​များ​နှင့်​ဗေ​ရော​သဲ မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား​ကို လည်း​သိမ်း​ယူ​လေ​၏။

ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ​၏​အ​ရာ​ရှိ​များ ကိုင် ဆောင်​သည့်​ရွှေ​ဒိုင်း​လွှား​တို့​ကို​ဖမ်း​ဆီး​သိမ်း​ယူ တော်​မူ​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​သို့​ဆောင်​ယူ သွား​တော်​မူ​၏။-

ဒါ​ဝိဒ်​မင်း​သည်​ဟာ​ဒ​ဒေ​ဇာ​မင်း​၏​တပ်​မ တော်​တစ်​ခု​လုံး​ကို​ဖြို​ခွင်း​လိုက်​ကြောင်း ဟာ​မတ်​ဘု​ရင်​တော​ဣ​ကြား​သိ​လေ​သော်-

ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ရွှေ​တန်​ချိန်​လေး​ထောင်​ခန့်​ကို​လည်း​ကောင်း၊ ငွေ​တန်​ချိန်​လေး​သောင်း​နီး​ပါး​မျှ​ကို​လည်း ကောင်း​ကြိုး​စား​၍​စု​ဆောင်း​ထား​ခဲ့​၏။ ထို​မှ တစ်​ပါး​လည်း​အ​ချိန်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော​ကြေး​ဝါ​နှင့်​သံ​များ​လည်း ငါ့​မှာ​ရှိ​၏။ သစ်​များ၊ ကျောက်​များ​လည်း အ​ဆင်​သင့်​ရှိ​၏။ သို့​ရာ​တွင်​သင်​သည် ထပ်​မံ​၍​စု​ဆောင်း​ရ​လိမ့်​ဦး​မည်။-

မင်း​ကြီး​သည်​ငါး​ဆယ့်​နှစ်​ပေ​မြင့်​သော​တိုင် ကြီး​နှစ်​လုံး​ကို​သွန်း​လုပ်​ပြီး​လျှင်​ဗိ​မာန်​တော် ၏​ရှေ့​တွင်​ထား​တော်​မူ​၏။ တိုင်​ထိပ်​တစ်​ခု​စီ ပေါ်​တွင်​ခု​နစ်​ပေ​ခွဲ​မြင့်​သော​တိုင်​အုပ်​ရှိ​၏။-

ဟိ​ရံ​သည်​အိုး​များ၊ ဂေါ်​ပြား​များ​နှင့်​ခွက် ဖ​လား​များ​ကို​လည်း​ပြု​လုပ်​လေ​သည်။ သူ​သည် ရှော​လ​မုန်​မင်း​အား​က​တိ​ထား​သည့်​အ​တိုင်း ဗိ​မာန်​တော်​အ​တွက်​အောက်​ပါ​ပစ္စည်း​တန်​ဆာ များ​ကို​ပြု​လုပ်​ပြီး​စီး​လေ​သည်။ တိုင်​နှစ်​လုံး၊ အိုး​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ တိုင်​ထိပ်​အုပ်​တို့​အ​တွက်​ပန်း​ကုန်း​ပုံ​များ ပန်း​ကုန်း​များ​ပတ်​လည်​ရှိ​အ​လုံး​တစ်​ရာ​စီ ရှိ​သော သ​လဲ​သီး​နှစ်​တန်း​အ​တွက်​သ​လဲ​သီး​လေး​ရာ၊ လှည်း​ဆယ်​စီး၊ အင်​တုံ​ဆယ်​လုံး၊ ရေ​ကန်၊ ရေ​ကန်​အောက်​ခံ​နွား​တစ်​ဆယ့်​နှစ်​ကောင်၊ အိုး​များ၊ဂေါ်​ပြား​များ​နှင့်​ခက်​ရင်း​ခွ​များ လက်​မှု​ပ​ညာ​ဆ​ရာ​ဟိ​ရံ​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဤ ပစ္စည်း​တန်​ဆာ​အ​ပေါင်း​ကို​ရှော​လ​မုန်​မင်း ၏​အ​မိန့်​တော်​နှင့်​အညီ​တောက်​ပြောင်​နေ​သည့် ကြေး​ဝါ​ဖြင့်​ပြု​လုပ်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ