ဒါဝိဒ်သည်ဟာဒဒေဇာ၏အရာရှိများ ကိုင် ဆောင်သည့်ရွှေဒိုင်းလွှားတို့ကိုဖမ်းဆီးသိမ်းယူ တော်မူပြီးလျှင် ယေရုရှလင်မြို့သို့ဆောင်ယူ သွားတော်မူ၏။-
ယောယဒသည်ထိုတပ်သားတို့အားဗိမာန် တော်တွင် ထားရှိသည့်ဒါဝိဒ်မင်း၏လှံနှင့် ဒိုင်းလွှားများကိုပေးအပ်လေသည်။-
ထိုနောက်ထိုသူတို့ပိုင်နက်တွင်စစ်စခန်း များချ၍ထားတော်မူ၏။ သူတို့သည်လည်း ဒါဝိဒ်မင်း၏လက်အောက်ခံများဖြစ်လာ ကြလျက် သူ့အားအခွန်ဘဏ္ဍာများကိုဆက် သရကြ၏။ ထာဝရဘုရားသည်ဒါဝိဒ် မင်းအားအရပ်တကာ၌အောင်ပွဲကို ပေးတော်မူ၏။-
သူသည်ဟာဒဒေဇာအစိုးရသည့်တိဗဟတ် မြို့နှင့် ခုန်မြို့တို့မှကြေးဝါအမြောက်အမြား ကိုလည်းသိမ်းယူ၍သွားလေသည်။ (နောင်အခါ ၌ရှောလမုန်မင်းသည်ထိုကြေးဝါတို့ဖြင့်ရေ ကန်တိုင်ကြီးများ၊ ဗိမာန်တော်အတွက်အိုး ခွက်များကိုပြုလုပ်သတည်း။)