၁ ရာချုပ် 18:1Common Language Bibleထို့နောက်ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ်မင်းသည်ဖိလိတ္တိအမျိုးသားတို့နှင့် စစ်တိုက်ရာအနိုင်ရတော်မူ၏။ သူတို့၏လက် မှဂါသမြို့အနီးတစ်ဝိုက်ရှိကျေးရွာများ ကိုသိမ်းယူတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုး၏သားမြေးတို့သည်ကိုယ်တော် ရှင်၏ရှေ့တော်၌ဆက်လက်၍မျက်နှာရကြ စေရန် သူတို့အားကောင်းချီးပေးတော်မူပါ ဟုပန်ကြားလျှောက်ထားပါ၏။ အို ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်သူတို့အားကောင်း ချီးပေးတော်မူပါပြီ။ သူတို့သည်ကိုယ်တော် ရှင်၏ကောင်းချီးမင်္ဂလာကိုအစဉ်အမြဲ ခံစားရကြပါစေသော'' ဟုဆုတောင်း သတည်း။
ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်ငါးပါး တို့ထံစေတမန်များလွှတ်၍ဖိတ်ခေါ်ပြီး လျှင်``ဣသရေလအမျိုးသားတို့ကိုးကွယ် သောဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုငါ တို့အဘယ်သို့ပြုရကြမည်နည်း'' ဟုမေး ကြ၏။ ဘုရင်တို့က``ဂါသမြို့သို့ပင့်ဆောင်သွား ကြလော့'' ဟုဆိုသဖြင့်ပဋိညာဉ်သေတ္တာ တော်ကိုအခြားဖိလိတ္တိမြို့တစ်မြို့ဖြစ် သောဂါသမြို့သို့ပင့်ဆောင်သွားကြ၏။-
ဧကြုန်မြို့နှင့်ဂါသမြို့စပ်ကြားတွင်ဖိလိတ္တိ အမျိုးသားတို့သည် မိမိတို့သိမ်းပိုက်ထား ကြသည့်မြို့မှန်သမျှကိုဣသရေလအမျိုး သားတို့၏လက်သို့ပြန်လည်ပေးအပ်ရကြ သဖြင့် ဣသရေလအမျိုးသားတို့သည်မိမိ တို့၏နယ်မြေအားလုံးကိုပြန်လည်ရရှိကြ၏။ ထို့အပြင်ဣသရေလအမျိုးသားတို့နှင့် ခါနာန်အမျိုးသားတို့သည်သင့်မြတ်ငြိမ်း ချမ်းစွာနေထိုင်ကြလေသည်။