Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 17:27

Common Language Bible

ကျွန်​တော်​မျိုး​၏​သား​မြေး​တို့​သည်​ကိုယ်​တော် ရှင်​၏​ရှေ့​တော်​၌​ဆက်​လက်​၍​မျက်​နှာ​ရ​ကြ စေ​ရန် သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ ဟု​ပန်​ကြား​လျှောက်​ထား​ပါ​၏။ အို ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော် ရှင်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​အ​စဉ်​အ​မြဲ ခံ​စား​ရ​ကြ​ပါ​စေ​သော'' ဟု​ဆု​တောင်း သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဣ​ဇာက်​သည်​တစ်​ကိုယ်​လုံး​ဆတ်​ဆတ် တုန်​လျက်``အ​မဲ​ကောင်​ကို​ရ​၍​ငါ့​ထံ​သို့​ဟင်း ယူ​ခဲ့​သူ​ကား​မည်​သူ​နည်း။ သင်​မ​ရောက်​မီ​ငါ သည်​ဟင်း​ကို​စား​ပြီး​ပြီ။ ထို​သူ​အား​လည်း ကောင်း​ချီး​ပေး​ခဲ့​ပြီ။ ငါ​ကောင်း​ချီး​ပေး​ခဲ့ သည့်​အ​တိုင်း​သူ​ခံ​စား​ရ​မည်'' ဟု​ဆို​လေ သည်။

ထို​လူ​သတ်​မှု​များ​အ​တွက်​ယွာ​ဘ​နှင့်​သူ​၏ သား​မြေး​တို့​သည် ထာ​ဝ​စဉ်​အ​ပြစ်​ဒဏ်​ခံ​ရ ကြ​လတ္တံ့။ သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ရိုက်​အ​ရာ ဆက်​ခံ​ကြ​သော​သား​မြေး​တို့​ကို​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည်​အ​စဉ်​အ​မြဲ​အောင်​ပွဲ ခံ​စေ​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ငါ့​ကို​မူ​ကား​ကောင်း​ချီး​ပေး​၍​ဒါ​ဝိဒ်​၏ နိုင်​ငံ​တော်​ကို​ထာ​ဝ​စဉ်​တည်​တံ့​ခိုင်​မြဲ​စေ တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား ဤ​အံ့​သြ​ဖွယ်​သော​က​တိ​တော်​ကို​ပေး တော်​မူ​ပါ​ပြီ။-

ထို့​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဒါ​ဝိဒ်​မင်း​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့် စစ်​တိုက်​ရာ​အ​နိုင်​ရ​တော်​မူ​၏။ သူ​တို့​၏​လက် မှ​ဂါ​သ​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​ကျေး​ရွာ​များ ကို​သိမ်း​ယူ​တော်​မူ​၏။-

ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် ငါ​နှင့် ငါ​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ တော်​ကို​ထာ​ဝ​စဉ်​အုပ်​စိုး​ရန်​ရွေး​ချယ်​တော် မူ​၏။ ကိုယ်​တော်​သည်​ခေါင်း​ဆောင်​မှု​ပေး​ရန် အ​တွက်​ယု​ဒ​အ​နွယ်​ကို​ရွေး​ချယ်​တော် မူ​၏။ ယု​ဒ​ပြည်​မှ​ငါ့​အ​ဖ​၏​အိမ်​ထောင်​စု ကို​ရွေး​ချယ်​တော်​မူ​ပေ​သည်။ ထို​အိမ်​ထောင်​စု မှ​ငါ့​အား​ထုတ်​ယူ​၍​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​နိုင်​ငံ​လုံး​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​၏။-

ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​သည် သူ​၏​အ​ပေါ်​သို့​အ​စဉ်​သက်​ရောက်​လျက် ရှိ​ပါ​၏။ သူ​၏​အ​နီး​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​သည် ဖြစ်​၍ သူ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​၏။

မင်း​ကြီး​၏​နာ​မ​တော်​သည်​တည်​မြဲ​ပါ စေ​သော။ ဂုဏ်​သ​တင်း​တော်​သည်​နေ​ကဲ့​သို့​အ​စဉ်​အ​မြဲ တည်​နေ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​ကောင်း​ချီး ပေး​တော်​မူ သ​ကဲ့​သို့​လူ​မျိုး​တ​ကာ​တို့​သည် မိ​မိ​တို့​အား​လည်း​ကောင်း၊ကောင်း​ချီး​ပေး​တော် မူ​ရန် ဘု​ရား​သ​ခင်​ထံ​တောင်း​လျှောက်​ကြ​ပါ​စေ​သော။

ကောင်း​ချီး​ပေး​ရန်​ငါ့​အား​စေ​ခိုင်း​တော်​မူ​ပြီ။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကောင်း​ချီး​ကို ငါ​သည်​မ​ရုတ်​သိမ်း​နိုင်။

ကိုယ်​တော်​သည်​မည်​သူ့​ကို​မ​ဆို​ရွေး​ကောက်​၍ ကောင်း​ချီး​ပေး​တော်​မူ​ရန်​ဆုံး​ဖြတ်​တော်​မူ ပြီး​နောက်​စိတ်​သ​ဘော​ပြောင်း​လဲ​တော်​မ​မူ တတ်။-

ငါ​တို့​သ​ခင်​ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန် စို့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​ကင်​လော​က​ဆိုင်​ရာ​ဝိ​ညာဉ်​ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​ကို ခ​ရစ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ​ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော​ကြောင့်​တည်း။-

ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့် သင်​တို့​သည်​လူ​မျိုး​များ​စွာ​တို့​အား ငွေ​ချေး​ရ​လိမ့်​မည်။ သင်​တို့​က​မူ​ကား​သူ​တို့ ထံ​မှ​ချေး​ငှား​ခြင်း​ပြု​ရ​မည်​မ​ဟုတ်။ သင်​တို့ သည်​လူ​မျိုး​များ​စွာ​တို့​ကို​အုပ်​စိုး​ရ​လိမ့် မည်။ မည်​သည့်​လူ​မျိုး​က​မျှ​သင်​တို့​ကို မ​အုပ်​စိုး​ရ။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ