၁ ရာချုပ် 16:43Common Language Bibleထို့နောက်လူအပေါင်းတို့သည် မိမိတို့၏အိမ် အသီးသီးသို့ပြန်သွားကြ၏။ ဒါဝိဒ်မင်း သည်လည်းမိမိ၏အိမ်ထောင်စုသားတို့ထံ သို့ပြန်သွားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ရှစ်ရက်မြောက်သောနေ့၌မင်းကြီးသည်လူတို့ အား မိမိတို့ရပ်ရွာများသို့ပြန်စေတော်မူ၏။ ထိုသူအပေါင်းတို့သည်လည်းမင်းကြီးအား ထောမနာပြုကြပြီးလျှင် ထာဝရဘုရား ၏လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ကိုယ်တော်၏အစေခံဒါဝိဒ်ခံယူရရှိသည့် ကျေးဇူးတော်ကြောင့်ရွှင်လန်းဝမ်းမြောက်စွာ မိမိတို့ရပ်ရွာများသို့ပြန်သွားကြ၏။
အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။