Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 16:42

Common Language Bible

ထော​မ​နာ​သီ​ချင်း​များ​ကို​သီ​ဆို​ချိန်​၌​ဟေ​မန် နှင့်​ယေ​ဒု​သုန်​တို့​သည်​တံပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့် အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး​မှုတ်​ရာ​၌​လည်း တာ​ဝန်​ယူ​ရ​ကြ​၏။ ယေ​ဒု​သုန်​၏​သား​ချင်း​စု မှ​လူ​တို့​သည် တံ​ခါး​များ​ကို​တာ​ဝန်​ယူ​၍ စောင့်​ရ​သူ​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ကြေး​လင်း​ကွင်း​တီး​ရန်​အ​ဆို တော်​သား​ချင်း​စု​များ​မှ​ယော​လ​၏​သား ဟေ​မန်​နှင့် သူ​၏​ဆွေ​မျိုး​ဗေ​ရ​ခိ​၏​သား အာ​သပ်​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု​မှ​ကု​ရှာ​ယ ၏​သား​ဧ​သန်​ကို​ရွေး​ချယ်​ကြ​၏။ ထို​သူ​တို့ ကို​ကူ​ညီ​ရာ​တွင်​အ​သံ​မြင့်​စောင်း​များ​ကို တီး​ရန်​ဇာ​ခ​ရိ၊ ဗင်​ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥန္နိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ မာ သေ​ယ၊ မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ ဟူ​သော​လေဝိ​အ​နွယ်​ဝင်​တို့​ကို​ရွေး​ချယ် ကြ​၏။ အ​သံ​နိမ့်​စောင်း​များ​တီး​ရန်​အ​တွက် မတ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ​နှင့်​ဗိ​မာန်​တော်​စောင့် သြ​ဗ​ဒေ​ဒုံ၊ ယေ​လ​နှင့်​အာ​ဇ​ဇိ​တို့​ကို ရွေး​ချယ်​ကြ​၏။

ယေ​ဒု​သုန်​၏​သား​ခြောက်​ယောက်​ဖြစ်​ကြ​သော ဂေ​ဒ​လိ၊ ဇေ​ရိ၊ ရှိ​မိ၊ ယေ​ရှာ​ယ၊ ဟာ​ရှ​ဘိ၊ မတ္တိ သိ​တို့​သည်​မိ​မိ​တို့​၏​ဖ​ခင်​ညွှန်​ကြား​ကွပ်​ကဲ မှု​ကို​ခံ​ယူ​လျက် စောင်း​သံ​နှင့်​တွဲ​ဖက်​၍​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ဟော​ပြော​ခြင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ခြင်း၊ ကျေး​ဇူး​တော် ကို​ချီး​မွမ်း​ခြင်း​အ​မှု​တို့​ကို​ပြု​ရ​ကြ​၏။

ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​အ​တွက် သတ်​မှတ်​ထား​သည့်​နေ​ရာ​တွင်​ရပ်​လျက်​နေ ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယဇ်​ပု​ရော ဟိတ်​တို့​နှင့်​မျက်​နှာ​ချင်း​ဆိုင်​ရပ်​လျက် ဒါ​ဝိဒ် မင်း​ပြု​လုပ်​ခဲ့​သော​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ဒါ​ဝိဒ်​မင်း​စီ​မံ​ခဲ့​သည့်​အ​တိုင်း``ကိုယ်​တော် ၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​၏'' ဟူ သော​ဋ္ဌမ္မ​သီ​ချင်း​ကို​သီ​ဆို​ကြ​လေ​သည်။ လူ​အ​ပေါင်း​တို့​ရပ်​လျက်​နေ​စဉ်​ယဇ်​ပု​ရော ဟိတ်​တို့​သည်​တံ​ပိုး​ခရာ​များ​ကို​မှုတ်​ကြ​၏။

ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​တစ်​ရက်​မျှ နေ​ရ​ခြင်း​သည် အ​ခြား​သော​အ​ရပ်​တွင်​ရက်​ပေါင်း​တစ်​ထောင် နေ​ရ​ခြင်း​ထက်​သာ​၍​မြတ်​ပါ​၏။ ဘု​ရား​သ​ခင်​၏​အိမ်​တော်​တံ​ခါး​စောင့်​ဖြစ်​ရ ခြင်း​သည် သူ​ယုတ်​မာ​တို့​၏​အိမ်​တွင်​နေ​ရ​ခြင်း​ထက် သာ​၍​မြတ်​ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ