Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 16:12

Common Language Bible

ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ယာ​ကုပ်​၏​သား မြေး​တို့၊ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​၏​သား​မြေး​တို့၊ ကိုယ်​တော်​ပြ​တော်​မူ​သည့်​ကြီး​မြတ်​အံ့​သြ​ဖွယ် ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား စီ​ရင်​ချက်​တို့​ကို​လည်း​ကောင်း အောက်​မေ့​သ​တိ​ရ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​အ​တွက်​ဖြစ်​၏။

အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို​မ​မေ့​မ​လျော့​နှင့်။

ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​တို့​ကို မ​မေ့​လျော့​စေ​ရန်​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ က​ရု​ဏာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပေး​အပ်​တော် မူ​သော ပ​ညတ်​တော်​အ​ပေါင်း​ကို​အ​သံ​ကယ်​စွာ ရွတ်​ဆို​ပါ​မည်။

အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​တ​ရား​မှ​တ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​တို့​သည်​လည်း​တ​ရား​မှ​တ​ပါ​၏။

ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ စီ​ရင်​ဆုံးဖြတ်​ခက်​တို့​ကို​အ​ခါ​ခပ်​သိမ်း စိတ်​စွဲ​လမ်း​တောင့်​တ​လက်​ရှိ​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက် တို့​သည် တ​ရား​မှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း" သစ္စာ​တော်​နှင့်​အ​ညီ​ကွန်​တော်​မျိုး​အား ဒဏ်​ခတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ကွန်​တော်​မျိုး​သိ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ထာ​ဝ​စဉ်​တည်​မြဲ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​သည်​ဖြစ်​၍​ကာ​လ​အ​စဉ်​တ​ရား မျှ​တ​ပေ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော ထူး​မြတ်​သည့်​အ​မှု​အ​ရာ​တို့​ကို​အောက်​မေ့ သ​တိ​ရ​ပါ​မည်။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော အံ့​သြ​ဖွယ်​ရာ​တို့​ကို​ပြန်​လည်​သ​တိ​ရ​ပါ​မည်။

နောင်​အ​ခါ​၌​သင်​၏​သား​က`အ​ဘယ်​ကြောင့်​ဤ သို့​ပြု​လုပ်​ရ​ပါ​သ​နည်း' ဟု​မေး​လျှင်`ထာ​ဝ​ရ ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ငါ​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​တော် မူ​၏။-

ထို​နောက်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ဖြင့် သင်​တို့​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​နေ့​ရက်​ကို သ​တိ​ရ​ကြ​လော့။ ဤ​နေ့​ရက်​တွင်​တ​ဆေး ပါ​သော​မုန့်​ကို​မ​စား​ရ။-

ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-

ထို​နောက်​ယဇ်​ပလ္လင်​မှ​အ​သံ​က``အန​န္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​စီ​ရင် တော်​မူ​ချက်​တို့​သည်​မှန်​ကန်​၍​တ​ရား​မျှ​တ ပါ​၏'' ဟု​လျှောက်​ထား​သည်​ကို​ငါ​ကြား​ရ​၏။

ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​ပါ​၏။ မိ​မိ​၏​ကာ​မ​ဂုဏ်​စည်း​စိမ်​အား ဖြင့် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​ဖောက်​ပြန်​ပျက်​စီး စေ​သည့်​ပြည့်​တန်​ဆာ​မ​ကြီး​အား အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​အ​စေ​ခံ​တို့​အား သတ်​ခဲ့​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​ပြီ'' ဟု ကြွေး​ကြော်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ