Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 16:11

Common Language Bible

ကူ​မ​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ ကိုယ်​တော်​အား​အ​စဉ်​အ​မြဲ​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​အ​ပေါင်း တို့​သည် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​စေ။

အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ထ​တော် မူ​၍​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို​သ​ရုပ်​ဆောင် သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ ဗိ​မာန်​တော် ထဲ​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ကာ​လ​အ​စဉ်​အမြဲ စံ​နေ​တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။-

ထို​ကဲ့​သို့​သော​သူ​များ​ကား​ဘု​ရား​သ​ခင်​ထံ တော်​သို့ ချဉ်း​ကပ်​သူ​များ၊ ယာ​ကုပ်​၏​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ သူ​များ​ပေ​တည်း။

``အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ချီး​မင်္ဂ​လာ​ကို​ထပ်​မံ​၍​ချ​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​စိတ်​ဖြင့် ကြည့်​တော်​မူ​ပါ'' ဟု​လူ​အ​များ​က​ဆု​တောင်း ကြ​၏။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​ကို​သ​နား​တော်​မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​ပါ။ က​ရု​ဏာ​စိတ်​နှင့်​ကျွန်​တော်​မျိုး​တို့​အား ကြည့်​တော်​မူ​ပါ။

သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ​ကြွ​လာ​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ရို​သေ​ကြောက်​ရွံ့​ဖွယ်​ဖြစ်​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​တန်​ခိုး​နှင့် စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​ကြ​လော့။

တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​အ​ထိမ်း အ​မှတ် ဖြစ်​သော​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း ရန်​သူ​တို့​အား​သိမ်း​ယူ​ခွင့်​ပြု​တော်​မူ​၏။

ထို​သူ​တို့​သည်​ခြောက်​သွေ့​နေ​သည့်​ဗာ​ကာ ချိုင့်​ဝှမ်း​ကို ဖြတ်​သန်း​သွား​စဉ်​ရေ​များ​ပေါက်​၍​လာ​ပါ​၏။ မိုး​ဦး​ရွာ​သ​ဖြင့်​အိုင်​များ​ထွန်း​၍​လာ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​သွား​လော့။ သို့​ပြု လျှင်​အ​သက်​ချမ်း​သာ​လိမ့်​မည်။ ထို​သို့​မ ပြု​လျှင်​ကိုယ်​တော်​အ​ရှင်​သည်​မီး​ကဲ့​သို့ ရွာ​သွန်း​လာ​ပြီး ယော​သပ်​အ​မျိုး​အ​နွယ် တို့​ကို​လောင်​ကျွမ်း​လိမ့်​မည်။ ဗေ​သ​လ​မြို့ သား​များ​ကို​လောင်​ကျွမ်း​ကုန်​၍​ထို​မီး ကို​မည်​သူ​က​မျှ​မ​ငြိမ်း​သတ်​နိုင်​ချေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ