Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 15:14

Common Language Bible

ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြောင်း​ရွှေ့​ပင့်​ဆောင်​နိုင် ရန် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အား``သင်​တို့​သည်​လေ​ဝိ​သား​ချင်း​စု တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။ ငါ​အ​သင့် ပြင်​ဆင်​ထား​သည့်​ဌာ​န​တော်​သို့ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ နိုင်​စေ​ရန် သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​လည်း ကောင်း၊ သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​သော လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​လည်း​ကောင်း​သန့် စင်​စေ​ကြ​လော့။-

လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း သေတ္တာ​တော်​ကို​ထမ်း​ပိုး​များ​ဖြင့်​ပ​ခုန်း​ထက် တွင်​ထမ်း​ကာ​ပင့်​ဆောင်​ခဲ့​ကြ​၏။

ထို​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချင်း ချင်း​တို့​အား​စု​ဝေး​စေ​ပြီး​လျှင် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​စေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​မင်း​ကြီး​မိန့် မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ထာ​ဝရ​ဘု​ရား ၏​တ​ရား​နှင့်​အ​ညီ​ဗိ​မာန်​တော်​ကို သန့်​စင်​စေ​ကြ​၏။-

ဤ​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​ယဇ်​ပု​ရော​ဟိတ် မ​လုံ​လောက်​သ​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် မှု​ပြု​ပြီး​သူ၊ ယဇ်​ပု​ရော​ဟိတ်​များ​ကို​မ​ရ ရှိ​မီ​အ​တွင်း​ဆောင်​ရွက်​စ​ရာ​များ​ပြီး​ဆုံး ချိန်​အ​ထိ လေ​ဝိ​အ​နွယ်​ဝင်​တို့​က​ကူ​ညီ ရ​ကြ​၏။ (ယဇ်​ပု​ရော​ဟိတ်​များ​ထက် လေ​ဝိ​အ​နွယ်​ဝင်​များ​က​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပို​၍​တိ​ကျ စွာ​ပြု​တတ်​ကြ​သည်။-)

ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​သည်​မည်​သည့် အ​ဖွဲ့​တွင်​ပါ​ဝင်​သည်​မ​ဆို မိ​မိ​တို့​ကိုယ် ကို​ဆက်​ကပ်​ပြီး​ဖြစ်​ကြ​၏။ လေ​ဝိ​အ​နွယ် ဝင်​ဂီ​တ​ဆ​ရာ​များ​ဖြစ်​ကြ​သော​အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​နှင့်​သူ​တို့​၏​တပည့်​အ​ပေါင်း တို့​သည်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​၍​လင်း ကွင်း​များ၊ စောင်း​များ​ကို​ကိုင်​လျက်​တံ​ပိုး ခရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​ပေါင်း​တစ်​ရာ့ နှစ်​ဆယ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ယဇ်​ပလ္လင် ၏​အ​ရှေ့​ဘက်​တွင်​ရပ်​နေ​ကြ​လေ​သည်။ သီ ဆို​သူ​တို့​သည်​တံ​ပိုး​ခ​ရာ​သံ၊ လင်း​ကွင်း သံ​နှင့်​အ​ခြား​တူ​ရိ​ယာ​သံ​များ​နှင့်​စည်း လိုက်​ဝါး​လိုက်​ညီ​ညာ​စွာ​ထာ​ဝ​ရ​ဘု​ရား အား​သီ​ဆို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ သည်​ဖြစ်​၍​ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည် သ​တည်း'' ဟု​သီ​ဆို​ကြ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန်​တော်​မှ​ထွက်​လာ စဉ်​ဗိ​မာန်​တော်​သည်​ရုတ်​တ​ရက်​မိုး​တိမ်​ဖြင့် ပြည့်​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​သည်​ဖြစ်​၍​သူ​တို့​သည်​ဝတ် ပြု​ကိုး​ကွယ်​ခြင်း​ကို​ဆက်​လက်​၍​မ​ပြု​နိုင်​ကြ ချေ။

ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​အ​တွက်​လည်း​ကောင်း၊ ပြည်​သူ​များ၊ မြို့​တံ​ခါး​များ၊ မြို့​ရိုး​အ​တွက်​လည်း​ကောင်း​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​၏။

ထို​အ​ခါ​မော​ရှေ​က​အာ​ရုန်​အား``ထာ​ဝ​ရ ဘု​ရား​က`ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ အ​ပေါင်း​တို့​သည် ငါ​၏​သန့်​ရှင်း​ခြင်း​ဂုဏ်​တော် ကို​ရို​သေ​လေး​စား​ရ​ကြ​မည်။ ငါ​၏​လူ​မျိုး တော်​အား​ငါ့​ဘုန်း​အ​သ​ရေ​ကို​ပေါ်​လွင်​ထင် ရှား​စေ​မည်' ဟူ​၍​မိန့်​တော်​မူ​ရာ​ဤ​အ​မှု​ကို ရည်​ဆောင်​၍​မိန့်​တော်​မူ​ခြင်း​ဖြစ်​သည်'' ဟု ဆို​လေ​၏။ ထို​အ​ခါ​အာ​ရုန်​သည်​တိတ် ဆိတ်​စွာ​နေ​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ