Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 15:13

Common Language Bible

ပ​ထ​မ​အ​ကြိမ်​ပင့်​ဆောင်​စဉ်​အ​ခါ​က​သင် တို့​မ​ပါ​မ​ရှိ​ခဲ့​ကြ။ သို့​ဖြစ်​၍​ငါ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား လျောက်​ပတ်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို မ​ပြု​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ခဲ့​၏'' ဟု​မိန့်​တော် မူ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​သေတ္တာ​တော်​ကို​လှည်း​သစ်​တစ်​စီး တွင်​တင်​၍ တောင်​ကုန်း​ပေါ်​တွင်​ရှိ​သော​အ​ဘိ န​ဒပ်​၏​အိမ်​မှ​ပင့်​ဆောင်​သွား​ကြ​၏။ အ​ဘိ န​ဒပ်​၏​သား​များ​ဖြစ်​ကြ​သော​သြ​ဇ​နှင့် အဟိ​သြ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် လှည်း​ကို​မောင်း​နှင်​ရ​ကြ​၏။-

ထို​နောက်​ရှော​လု​နန်း​စံ​ခဲ့​စဉ်​အ​ခါ​က လျစ် လူ​ရှု​ထား​ခဲ့​သည့်​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​သွား​၍​ယူ​ဆောင်​ကြ​ကုန် အံ့'' ဟု​ကြေ​ညာ​၏။-

ထို​နောက်​မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ရန် နှင့် အ​စဉ်​အ​မြဲ​ကိုယ်​တော်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​သာ လျှင်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သည်​ဖြစ်​၍ ထို​သူ​တို့​သာ​လျှင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​ရ​ကြ​ပေ​မည်'' ဟု​မိန့်​တော် မူ​လျက်၊-

မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။

စခန်း​သိမ်း​ချိန်​ရောက်​၍​အာ​ရုန်​နှင့်​သူ​၏​သား များ​က သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်​ပစ္စည်း အား​လုံး​တို့​ကို​ဖုံး​အုပ်​ပြီး​မှ​သာ​လျှင် ကော ဟတ်​၏​သား​ချင်း​စု​တို့​သည်​လာ​၍​ထို​ပစ္စည်း များ​ကို​ထမ်း​ရ​ကြ​မည်။ ကော​ဟတ်​၏​သား ချင်း​စု​တို့​သည်​ထို​ပစ္စည်း​များ​ကို​လက်​နှင့် မ​ထိ​ရ။ ထိ​မိ​လျှင်​အ​သက်​သေ​ဆုံး​ရ ကြ​မည်။ တဲ​တော်​ကို​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း ကော​ဟတ်​၏​သား​ချင်း​စု​တို့​သည်​အ​ဆို ပါ​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ကြ​ရ​မည်။

ကော​ဟတ်​သား​ချင်း​စု​တို့​သည် မိ​မိ​တို့​ကြည့် ရှု​ထိန်း​သိမ်း​ရ​သော​တဲ​တော်​ဆိုင်​ရာ​ပစ္စည်း များ​ကို ပ​ခုံး​ပေါ်​တွင်​ထမ်း​ရ​သော​ကြောင့် မော​ရှေ​သည်​သူ​တို့​အ​တွက်​လှည်း​နှင့် နွား​များ​ကို​မ​ပေး​အပ်​ချေ။

သင်​တို့​သည်​ငါ့​ကို​အ​စဉ်​အောက်​မေ့​သ​တိ​ရ​၍ ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​အ​တိုင်း​လိုက် နာ​ပြု​ကျင့်​ကြ​သော​ကြောင့်​သင်​တို့​အား​ငါ ချီး​ကူး​၏။-

ခပ်​သိမ်း​သော​အ​မှု​တို့​ကို​လျောက်​ပတ်​စွာ​စနစ် တ​ကျ​လုပ်​ဆောင်​ကြ​လော့။

သို့​ဖြစ်​၍​မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​တ​ရား​တော်​ကို​ရေး​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရ​သော​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​များ​အား​ပေး​အပ်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ