Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 12:23

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ရှော​လု​မင်း​၏​နေ​ရာ​တွင်​ဒါ​ဝိဒ်​အား​မင်း မြှောက်​နိုင်​ရေး​အ​တွက်​ကူ​ညီ​ဆောင်​ရွက်​ရန် စစ်​အ​တတ်​ကို​လေ့​ကျင့်​ပြီး​သော​စစ်​သူ​ရဲ အ​များ​ပင်​သူ​၏​တပ်​မ​တော်​သို့​ဝင်​ရောက် လာ​ကြ​၏။ ထို​သူ​တို့​၏​အ​ရေ​အ​တွက်​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ဒိုင်း​လွှား​များ​နှင့်​လှံ​များ​ကိုင်​ဆောင်​လျက် စစ်​လက်​နက်​အ​ပြည့်​အ​စုံ​ပါ​သော​ယု​ဒ အ​နွယ်​ဝင်​စစ်​သူ​ရဲ​ခြောက်​ထောင့်​ရှစ်​ရာ။ ကောင်း​စွာ​လေ့​ကျင့်​ပြီး​သူ​ရှိ​မောင်​အ​နွယ် ဝင် စစ်​သူ​ရဲ​ခု​နစ်​ထောင့်​တစ်​ရာ။ လေ​ဝိ​အ​နွယ်​ဝင်​လူ​ပေါင်း​လေး​ထောင့်​ခြောက်​ရာ။ အာ​ရုန်​မှ​ဆင်း​သက်​သော​ယော​ယ​ဒ​၏​နောက်​လိုက် လူ​ပေါင်း​သုံး​ထောင့်​ခု​နစ်​ရာ။ စစ်​တိုက်​ကောင်း​သူ၊လု​လင်​ပျို​ဇာ​ဒုတ်​၏​ဆွေ​မျိုး၊ ခေါင်း​ဆောင်​နှစ်​ဆယ့်​နှစ်​ဦး။ ရှော​လု​၏​အ​နွယ်​စု​ဖြစ်​သော​ဗင်္ယာ​မိန်​အ​နွယ်​ဝင် လူ​ပေါင်း​သုံး​ထောင်။ (ဗင်္ယာ​မိန်​အ​နွယ်​မှ​လူ​များ​စု သည်​ရှော​လု​မင်း​၏​သစ္စာ​တော်​ကို​စောင့်​သိ​ကြ​သူ များ​ဖြစ်​၏။) ဧ​ဖ​ရိမ်​စစ်​သူ​ရဲ​နှစ်​သောင်း​ရှစ်​ရာ။ သူ​တို့​သည် မိ​မိ​တို့​သား​ချင်း​စု​တွင်​နာ​မည်​ကျော်​သူ များ​တည်း။ အ​နောက်​ပိုင်း​မ​နာ​ရှေ​အ​မျိုး​သား​များ​မှ ဒါ​ဝိဒ်​အား​မင်း​မြှောက်​နိုင်​ရေး​အ​တွက်​သွား ရောက်​ဆောင်​ရွက်​ရန် ရွေး​ချယ်​ထား​သူ​လူ​ပေါင်း တစ်​သောင်း​ရှစ်​ထောင်။ ဣ​သ​ခါ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​နှစ်​ရာ​နှင့် သူ​တို့ ၏​နောက်​လိုက်​များ (ဤ​ခေါင်း​ဆောင်​များ​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​အပ်​သော​အ​မှု​နှင့်​ပြု ရန် အ​ချိန်​ကာ​လ​ကို​သိ​ရှိ​သူ​များ​ဖြစ်​ကြ​၏။) ယုံ​ကြည်​စိတ်​ချ​ရ​၍​သစ္စာ​ရှိ​သူ​ဇာ​ဗု​လုန် အ​နွယ်​ဝင်​လူ​ငါး​သောင်း။ သူ​တို့​သည်​စစ်​တိုက် ရန်​အ​ဆင်​သင့်​ရှိ​ကြ​လျက်​လက်​နက်​မျိုး​စုံ ကို​ကိုင်​ဆောင်​တတ်​သူ​များ​ဖြစ်​ကြ​၏။ ဒိုင်း​လွှား၊ လှံ​တံ​ကိုင်​ဆောင်​သူ​လူ​သုံး​သောင်း​ခု​နစ် ထောင်​နှင့်​တ​ကွ န​ဿ​လိ​အ​နွယ်​ဝင်​ခေါင်း​ဆောင် တစ်​ထောင်။ စစ်​အ​တတ်​ကို​လေ့​ကျင့်​ထား​ပြီး​သူ၊ ဒန်​အ​နွယ်​ဝင်​စစ်​သူ​ရဲ​နှစ်​သောင်း​ရှစ်​ထောင်​ခြောက် ရာ။ တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သူ​အာ​ရှာ​အ​နွယ်​ဝင် လူ​ပေါင်း​လေး​သောင်း။ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​မှ​ရု​ဗင်၊ ဂဒ်​နှင့် အ​ရှေ့​မ​နာ​ရှေ​အ​နွယ်​ဝင်​များ​ထဲ​မှ​လက်​နက် မျိုး​စုံ​ကိုင်​ဆောင်​တတ်​သူ လူ​ပေါင်း​တစ်​သိန်း နှစ်​သောင်း​တို့​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-

ယ​ခု​အ​ခါ​ကား​သင်​တို့​အ​ဖို့​အ​ခွင့်​ကောင်း​ပင် ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က`ငါ​၏​လူ​မျိုး​တော် အား​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​အ​ခြား​ရန်​သူ တို့​လက်​တွင်း​မှ​ငါ့​ကျွန်​ဒါ​ဝိဒ်​၏​လက်​ဖြင့် ကယ်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။-

ထာ​ဝ​ရ​ဘု​ရား​နှင့်​တိုင်​ပင်​မည့်​အ​စား​လူ​သေ တို့​၏​ဝိ​ညာဉ်​များ​နှင့်​နှီး​နှော​တိုင်​ပင်​ခဲ့​လေ သည်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု အား ကွပ်​မျက်​တော်​မူ​၍​သူ​၏​နိုင်​ငံ​ကို​ယေ​ရှဲ ၏​သား​ဒါ​ဝိဒ်​အား​အုပ်​စိုး​စေ​တော်​မူ သ​တည်း။

အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။

ကိုယ်​တော်​က``သန့်​ရှင်း​မြင့်​မြတ်​သော ဇိ​အုန်​တောင် ပေါ်​တွင် ငါ​ရွေး​ချယ်​ထား​သော​ရှင်​ဘု​ရင်​ကို​ငါ​ကိုယ်​တိုင် တင်​မြှောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``သင်​သည် အ​ဘယ်​မျှ​ကြာ​အောင်​ရှော​လု​အ​တွက်​ဝမ်း​နည်း နေ​ပါ​မည်​နည်း။ ငါ​သည်​သူ့​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ။ သံ​လွင်​ဆီ​ယူ ၍​ဗက်​လင်​မြို့​ရှိ​ယေ​ရှဲ​နာ​မည်​တွင်​သူ​လူ​တစ် ယောက်​ထံ​သို့​သွား​လော့။ ငါ​သည်​သူ​၏​သား တစ်​ယောက်​အား​ဘု​ရင်​အ​ဖြစ်​ရွေး​ချယ်​၏'' ဟု​မိန့်​တော်​မူ​၏။

ဘု​ရား​သ​ခင်​က``နွား​က​လေး​တစ်​ကောင်​ကို​ယူ ၍​သွား​ပြီး​လျှင် သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရန်​ရောက်​ရှိ​လာ​ကြောင်း​ပြော​ကြား လော့။ ယေ​ရှဲ​အား​ယဇ်​ပူ​ဇော်​ပွဲ​သို့​ဖိတ်​ခေါ် လော့။ သင်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ငါ​ပြော မည်။ ငါ​ဖော်​ပြ​သူ​အား​ရာ​ဇ​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ