နေ့တိုင်းလိုပင်ဒါဝိဒ်၏တပ်ဖွဲ့ထဲသို့လူသစ် များဝင်ရောက်လာကြသဖြင့် သူ၏တပ်မတော် သည်အလွန်အင်အားကြီးမားလာလေသည်။
ကောင်းကင်တမန်တို့ကိုမြင်လျှင်ယာကုပ် က``ဤအရပ်ကားဘုရားသခင်၏တပ်တော် ဖြစ်သည်'' ဟုဆို၍၎င်းကိုမဟာနိမ်ဟုမှည့် ခေါ်လေသည်။
ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့် ဒါဝိဒ် ကိုထောက်ခံသူများသည် ကာလကြာမြင့်စွာ ဆက်လက်၍စစ်ဖြစ်ပွားလျက်နေ၏။ ဒါဝိဒ်သည် တဖြည်းဖြည်းအင်အားတိုးတက်လာ၍သူ၏ ရန်သူတို့မူကားအင်အားဆုတ်ယုတ်လာလေ သည်။
ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
ကောင်းကင်တမန်အပေါင်းတို့၊ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
ယောရှုသည်ယေရိခေါမြို့အနီးသို့ရောက်ရှိ လာစဉ် မိမိရှေ့တွင်ဋ္ဌားလွတ်ကိုင်သူတစ်ဦး ရပ်နေသည်ကိုရုတ်တရက်မြင်ရသည်။ ယောရှု သည်ထိုသူထံသို့ချဉ်းကပ်၍``သင်သည်ငါတို့ ဘက်တော်သားလော၊ ရန်သူလော'' ဟုမေး၏။
ထိုသူက``ဘက်တော်သားလည်းမဟုတ်၊ ရန်သူ လည်းမဟုတ်၊ ထာဝရဘုရား၏တပ်မှူးအ ဖြစ်ငါလာ၏'' ဟုဖြေကြား၏။ ထိုအခါယောရှုသည်မြေပေါ်တွင်ပျပ်ဝပ်ရှိခိုး လျက်``အရှင်၊ ကိုယ်တော့်ကျွန်အားအမိန့်ရှိတော် မူပါ'' ဟုလျှောက်လေ၏။
ဒါဝိဒ်၊ သင်နှင့်တကွရှောလုထံမှငါ့ထံသို့ ပြောင်းရွှေ့လာကြသူအပေါင်းတို့သည် နက်ဖြန် နံနက်စောစောထ၍မိုးလင်းလျှင်လင်းချင်း ထွက်ခွာသွားကြလော့'' ဟုပြန်ပြော၏။
နှစ်ရက်မျှကြာသောအခါဒါဝိဒ်တို့လူစု သည် ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိလာ ကြ၏။ အာမလက်အမျိုးသားတို့သည်ယုဒ ပြည်တောင်ပိုင်းသို့ ချင်းနင်းဝင်ရောက်ကာဇိ ကလတ်မြို့ကိုတိုက်ခိုက်မီးရှို့၍၊-