Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 12:20

Common Language Bible

ဇိ​က​လတ်​မြို့​သို့​ဒါ​ဝိဒ်​ပြန်​သွား​ချိန်​၌​မ​နာ ရှေ​အ​နွယ်​ဝင်​မှ သူ​၏​ဘက်​သို့​ဝင်​ရောက်​လာ သည့်​စစ်​သူ​ရဲ​များ​မှာ​အာ​ဒ​န၊ ယော​ဇ​ဗဒ်၊ ယေ​ဒ​ယေ​လ၊ မိက္ခေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လိ​ဟု နှင့်​ဇိ​လ​သဲ​တို့​ဖြစ်​ကြ​၏။ သူ​တို့​အား​လုံး သည်​မ​နာ​ရှေ​အ​နွယ်​တွင်​တစ်​ထောင်​တပ် တပ်​မှူး​များ​ဖြစ်​ကြ​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့် အ​တူ ရှော​လု​မင်း​ကို​တိုက်​ရန်​စစ်​ချီ​သွား သော​အ​ခါ မ​နာ​ရှေ​အ​နွယ်​ဝင်​စစ်​သူ​ရဲ အ​ချို့​တို့​သည် ဒါ​ဝိဒ်​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့ က​ဒါ​ဝိဒ်​သည် မိ​မိ​၏​အ​ရှင်​ဟောင်း​ရှော​လု ဘက်​သို့​ပါ​၍​သူ​တို့​ကို​သစ္စာ​ဖောက်​လိမ့်​မည် ဟု​စိုး​ရိမ်​သ​ဖြင့် သူ့​အား​ဇိ​က​လတ်​မြို့​သို့ ပြန်​လွှတ်​လိုက်​ကြ​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည် စင်​စစ်​အား​ဖြင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ဘက်​မှ​ကူ​၍​စစ်​မ​တိုက်​ခဲ့​ရ​ပေ။-

သူ​တို့​သည်​ထူး​ချွန်​သော​စစ်​သူ​ရဲ​များ​ဖြစ် သ​ဖြင့် ဒါ​ဝိဒ်​၏​တပ်​သား​တို့​ကို​အုပ်​ချုပ်​သူ အ​ရာ​ရှိ​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း​ရ​ကြ ၏။ နောင်​အ​ခါ​၌​သူ​တို့​သည်​ဣ​သ​ရေ​လ တပ်​မ​တော်​တွင်​အ​ရာ​ရှိ​များ​ဖြစ်​လာ​ကြ လေ​သည်။-

သို့​ရာ​တွင်​သင်​သည်​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​ကို​ခေါင်း​ဆောင်​နိုင် မည့်​အ​ရည်​အ​ချင်း​ရှိ​သူ​များ​ကို​ရွေး​ချယ် ခန့်​ထား​သင့်​ပါ​သည်။ ထို​သူ​တို့​သည်​ဘု​ရား ကို​ကြောက်​ရွံ့​၍​ရိုး​သား​ဖြောင့်​မတ်​လျက် အ​ဂ​တိ​မလိုက်​စား​တတ်​သူ​များ​ဖြစ်​ရ ကြ​မည်။-

သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​နွယ်​ထဲ​မှ​ပ​ညာ ရှိ​၍ အ​တွေ့​အ​ကြုံ​များ​သော​ခေါင်း​ဆောင်​များ ကို​ရွေး​ချယ်​ပြီး​လျှင်​သင်​တို့​အား​အုပ်​ချုပ် စေ​၏။ အ​ချို့​တို့​ကို​လူ​တစ်​ထောင်​အုပ်၊ အ​ချို့ တို့​ကို​လူ​တစ်​ရာ​အုပ်၊ အ​ချို့​တို့​ကို​လူ​ငါး ဆယ်​အုပ်၊ အ​ချို့​တို့​ကို​လူ​တစ်​ဆယ်​အုပ်​အ​ဖြစ် ခန့်​ထား​ခဲ့​သည်။ ထို့​ပြင်​သင်​တို့​အ​နွယ်​အား လုံး​၌ အ​ခြား​သော​အ​ရာ​ရှိ​များ​ကို​လည်း ခန့်​ထား​ခဲ့​၏။

ယော​သပ်​သည်​နွား​လား​ဥ​သ​ဖ​ကဲ့​သို့​လည်း ကောင်း၊ နွား​ရိုင်း​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း​ခွန်​အား ကြီး​၏။ သူ​၏​ဦး​ချို​များ​သည်​ကား​မ​နာ​ရှေ​အ​နွယ်​ဝင်​နှင့် ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ထောင်​သောင်း​များ​စွာ​တို့ ဖြစ်​သ​တည်း။ သူ​သည်​ထို​ဦး​ချို​များ​ဖြင့်​လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​အ​စွန်း​သို့​တိုင်​အောင်​ခတ်​ထုတ်​လိမ့်​မည်။''

ထို့​ကြောင့်​ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တစ်​နေ့ နံ​နက်​စော​စော​အ​ချိန်​၌ ဖိ​လိတ္တိ​ပြည်​သို့​ပြန် သွား​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လည်း ယေ​ဇ​ရေ​လ​မြို့​သို့​ချီ​တက်​ကြ​၏။

ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​သူ​တို့​ကို​မြင်​လျှင်``ဤ ဟေ​ဗြဲ​အ​မျိုး​သား​တို့​သည်​အ​ဘယ်​ကြောင့်​ငါ တို့​နှင့်​အ​တူ​လိုက်​လာ​ကြ​သ​နည်း'' ဟု​မေး​၏။ အာ​ခိတ်​က``သူ​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ရှော​လု ၏​အ​စေ​ခံ​ဒါ​ဝိဒ်​ဖြစ်​၏။ ငါ့​ထံ​တွင်​နေ​ထိုင် လျက်​ရှိ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပါ​ပြီ။ ငါ့​ဘက်​သို့​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သူ ၏​အ​ပေါ်​တွင်​အ​ပြစ်​ဆို​စ​ရာ​တစ်​စုံ​တစ်​ခု မျှ​မ​တွေ့​ရ​ပါ'' ဟု​ပြော​၏။

သို့​ရာ​တွင်​ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​အာ​ခိတ် ကို​စိတ်​ဆိုး​၍``ထို​သူ့​အား​သင်​ပေး​အပ်​ထား သည့်​မြို့​သို့​ပြန်​လွှတ်​လိုက်​လော့။ ငါ​တို့​နှင့် အ​တူ​စစ်​တိုက်​ရာ​သို့​မ​လိုက်​စေ​နှင့်။ စစ် တိုက်​နေ​စဉ်​သူ​သည်​ငါ​တို့​အား​ရန်​မူ​ကောင်း ရန်​မူ​ပါ​လိမ့်​မည်။ သူ​သည်​မိ​မိ​အရှင့်​ထံ​တွင် ပြန်​၍​မျက်​နှာ​ရ​အောင်​ပြု​လုပ်​နိုင်​သည့် နည်း​မှာ​ငါ​တို့​လူ​များ​ကို​သတ်​သော​နည်း ထက်​ပို​၍​ကောင်း​သော​နည်း​ရှိ​ပါ​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ