Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 12:19

Common Language Bible

ဒါ​ဝိဒ်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့် အ​တူ ရှော​လု​မင်း​ကို​တိုက်​ရန်​စစ်​ချီ​သွား သော​အ​ခါ မ​နာ​ရှေ​အ​နွယ်​ဝင်​စစ်​သူ​ရဲ အ​ချို့​တို့​သည် ဒါ​ဝိဒ်​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့ က​ဒါ​ဝိဒ်​သည် မိ​မိ​၏​အ​ရှင်​ဟောင်း​ရှော​လု ဘက်​သို့​ပါ​၍​သူ​တို့​ကို​သစ္စာ​ဖောက်​လိမ့်​မည် ဟု​စိုး​ရိမ်​သ​ဖြင့် သူ့​အား​ဇိ​က​လတ်​မြို့​သို့ ပြန်​လွှတ်​လိုက်​ကြ​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည် စင်​စစ်​အား​ဖြင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ဘက်​မှ​ကူ​၍​စစ်​မ​တိုက်​ခဲ့​ရ​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အိမ်​တော်​ဝန်​က``သင်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ မ ကြောက်​ကြ​နှင့်။ သင်​တို့​ဘု​ရား၊ သင်​တို့​အ​ဖ ၏​ဘု​ရား​သည်​စ​ပါး​အိတ်​များ​ထဲ​၌​သင်​တို့ အ​တွက် ထို​ငွေ​ကို​ထည့်​ခြင်း​ဖြစ်​ရ​မည်။ သင် တို့​ထံ​မှ​စပါး​ဖိုး​ငွေ​ကို​ကျွန်ုပ်​လက်​ခံ​ရ​ရှိ ပြီး​ဖြစ်​သည်'' ဟု​ဆို​လေ​၏။ ထို​နောက်​သူ​သည် ရှိ​မောင်​ကို​သူ​တို့​ထံ​သို့​ခေါ်​ထုတ်​ခဲ့​လေ​သည်။

(အ​ဗ​ရှ​လုံ​သည်​အာ​မ​သ​အား​ယွာ​ဘ​၏ နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ခန့် ထား​၏။ အာ​မ​သ​ကား​ဣ​ရှ​မေ​လ​အ​မျိုး သား​ယေ​သာ​၏​သား​ဖြစ်​၏။ သူ​၏​မိ​ခင်​မှာ နာ​ဟတ်​၏​သ​မီး၊ ယွာ​ဘ​၏​မိ​ခင်​ဇေ​ရု​ယာ ၏​ညီ​မ​အ​ဘိ​ဂဲ​လ​ဖြစ်​သ​တည်း။-)

ဇိ​က​လတ်​မြို့​သို့​ဒါ​ဝိဒ်​ပြန်​သွား​ချိန်​၌​မ​နာ ရှေ​အ​နွယ်​ဝင်​မှ သူ​၏​ဘက်​သို့​ဝင်​ရောက်​လာ သည့်​စစ်​သူ​ရဲ​များ​မှာ​အာ​ဒ​န၊ ယော​ဇ​ဗဒ်၊ ယေ​ဒ​ယေ​လ၊ မိက္ခေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လိ​ဟု နှင့်​ဇိ​လ​သဲ​တို့​ဖြစ်​ကြ​၏။ သူ​တို့​အား​လုံး သည်​မ​နာ​ရှေ​အ​နွယ်​တွင်​တစ်​ထောင်​တပ် တပ်​မှူး​များ​ဖြစ်​ကြ​သ​တည်း။-

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန် မြို့​သူ​မြို့​သား​တို့​အ​ပေါ်​၌​ငါ​ထား​ရှိ​သည့် နက်​နဲ​သော​မေတ္တာ​ကြောင့်​သူ​တို့​၏​ရန်​သူ​များ အ​ပေါ်​အ​မျက်​ထွက်​စေ​သည့် ငါ​၏​မေတ္တာ​ကို ထောက်​၍​ငါ​သည်​ထို​မြို့​အား​ကူ​မ​ရန် တောင့်​တ​လျက်​နေ​၏။-

ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ဂိ​ဒေါင် အ​ပေါ်​၌​သက်​ရောက်​သ​ဖြင့် သူ​သည်​အ​ဗျေ​ဇာ သား​ချင်း​စု​အ​ပေါင်း​တို့​အား မိ​မိ​နောက်​သို့ လိုက်​ကြ​ရန်​တံ​ပိုး​ခ​ရာ​ကို​မှုတ်​လေ​၏။-

ဒါ​ဝိဒ်၊ သင်​နှင့်​တ​ကွ​ရှော​လု​ထံ​မှ​ငါ့​ထံ​သို့ ပြောင်း​ရွှေ့​လာ​ကြ​သူ​အ​ပေါင်း​တို့​သည် နက်​ဖြန် နံ​နက်​စော​စော​ထ​၍​မိုး​လင်း​လျှင်​လင်း​ချင်း ထွက်​ခွာ​သွား​ကြ​လော့'' ဟု​ပြန်​ပြော​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ