၁ ရာချုပ် 12:1Common Language Bibleဒါဝိဒ်သည်ရှောလုမင်းထံတော်မှထွက်ပြေး တိမ်းရှောင်နေချိန်၌ ဇိကလတ်မြို့တွင်နေထိုင် ၏။ ထိုအခါလူအများပင်သူ၏ဘက်သို့ ဝင်ရောက်လာကြ၏။ ထိုသူအပေါင်းတို့သည် ရှောလုနှင့်ဆွေမျိုးတော်စပ်သည့်ဗင်္ယာမိန် အနွယ်ဝင်မှ စစ်ရည်ဝ၍အားကိုးအားထား လောက်သောစစ်သူရဲများဖြစ်သတည်း။ သူ တို့သည်လက်ယာလက်ဖြင့်သော်လည်းကောင်း၊ လက်ဝဲလက်ဖြင့်သော်လည်းကောင်း လောက်လွှဲ နှင့်လေးကိုပစ်ခတ်နိုင်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထို့နောက်မင်းကြီးက``ငါသည်ဤရေကို အဘယ်နည်းနှင့်မျှမသောက်နိုင်၊ သက်စွန့် ကြိုးပမ်းအမှုတော်ထမ်းကြသူတို့၏ သွေးကိုသောက်သည်နှင့်တူလိမ့်မည်'' ဟု မိန့်တော်မူလျက်ထိုရေကိုမသောက်ဘဲ နေတော်မူ၏။ ဤကားနာမည်ကျော်သူရဲ ကောင်းသုံးယောက်တို့၏စွန့်စားခန်းတစ် ရပ်ဖြစ်သတည်း။