Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 11:26

Common Language Bible

ထူး​ချွန်​သော​အ​ခြား​စစ်​သူ​ရဲများ​စာ​ရင်း မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယွာ​ဘ​၏​ညီ၊အာ​သ​ဟေ​လ။ ဗက်​လင်​မြို့​သား၊ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်။ ဟေ​ရောဒိ​မြို့​သား၊ရှမ္မ။ ဖာ​လ​တိ​မြို့​သား​ဟေ​လက်။ တေ​ကော​မြို့သား​ဣ​ကေ​ရှ​၏​သား​ဣ​ရ။ အ​နေ​သော​သိ​မြို့သား​အ​ဗျေ​ဇာ။ ဟု​ရှ​သိ​မြို့သား​သိ​ဗေ​ကဲ။ အ​ဟော​ဟိ​မြို့သားဣ​လဲ။ နေ​တော​ဖာ​သိ​မြို့သား​မ​ဟာ​ရဲ၊ နေ​တော​ဖာ​သိ​မြို့သား​ဗာ​န​၏​သား ဟေ​လက်။ ဗင်္ယာမိန်​ပြည်​ဂိ​ဗာ​မြို့​သား​ရိ​ဘဲ​၏​သား​ဣတ္တဲ။ ပိ​ရသော​နိ​မြို့​သား​ဗေ​နာ​ယ။ ဂါ​ရှ​မြို့​အ​နီး​ချိုင့်​ဝှမ်း​များ​မှ​ဟု​ရဲ။ အာ​ဗ​သိ​မြို့​သား​အ​ဗျေ​လ။ ဗာ​ဟု​မိ​မြို့သား​အာ​ဇ​မာ​ဝက်။ ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ။ ဂိ​ဇော​နိ​မြို့သား​ယာ​ရှင်။ ဟာ​ရာ​မြို့​သား​ရှာ​ဂဲ​၏​သား​ယော​န​သန်။ ဟာ​ရာ​မြို့သား​စာ​ကာ​ရ၏​သား​အ​ဟိ​အံ။ ဥ​ရ၏​သား​ဧလိ​ဖ​လ။ မေ​ခေ​ရသိ​မြို့​သား​ဟေ​ဖာ။ ပေ​လော​နိ​မြို့သား​အ​ဟိ​ယ။ က​ရ​မေ​လ​မြို့သား​ဟေ​ဇ​ရဲ။ ဧဇ​ပဲ​၏​သား​နာ​ရဲ။ နာ​သန်​၏ညီ​ယော​လ။ ဟ​ဂ္ဂေ၏​သား​မိ​ဗ​ဟာ။ အမ္မုန်​မြို့​သား​ဇေ​လက်။ ယွာ​ဘ​၏လက်​နက်​ကိုင်​ဆောင်​သူ ဗေ​ရောသိ​မြို့​သား​န​ဟာ​ရဲ။ ဣ​သ​ရိမြို့​သား​ဣရနှင့်​ဂါ​ရက်။ ဟိတ္တိ​လူ​မျိုး​ဥရိယ။ အာ​လဲ​၏​သား​ဇာ​ဗဒ်။ ရှိ​ဇ​၏သား​အ​ဒိ​န(သူ​သည်​ရု​ဗင်​အ​နွယ်​မှ ဦး​စီး​ခေါင်းဆောင်​တစ်​ဦး​ဖြစ်​၍ လူ​သုံး​ကျိပ်​ရှိ တပ်​စိပ်​တစ်​စိပ်​အုပ်​ချုပ်ရသူ​ဖြစ်​၏။) မာ​ခါ​၏သား​ဟာ​နန်။ မိ​သ​နိ​မြို့သား​ယော​ရှ​ဖတ်။ အာ​ရှ​တ​ယော​သိ​မြို့သား​သြ​ဇိ။ အာ​ရော်​မြို့​မှ​ဟော​သန်​၏​သား​များ​ဖြစ် ကြ​သော ရှာ​မ​နှင့်​ယေ​ဟေ​လ။ တိ​ဇိ​မြို့သား​ရှိ​မ​ရိ​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဒျေ​လ​နှင့်​ယော​ဟ။ မ​ဟာ​ဝိ​မြို့သား​ဧ​လျေ​လ။ ဧလ​နန်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ရိ​ဗဲ​နှင့်​ယော​ရှ​ဝိ၊မော​ဘ​မြို့​သား​ဣသ​မ။ မေ​ဇော​ဗိတ်​မြို့သား​ဧ​လျေ​လ၊သြ​ဗက်​နှင့် ယာ​သေ​လ​တို့​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဂေါ​ဘ​မြို့​၌​ပင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ နှင့်​အ​ခြား​တိုက်​ပွဲ​တစ်​ခု​ဖြစ်​ပြန်​၏။ ထို တိုက်​ပွဲ​တွင်​ယာ​ဣရ​၏​သား၊ ဗက်​လင်​မြို့ သား​ဧ​လ​ဟာ​နန်​သည်​ဂါ​သ​မြို့​သား ဂေါ​လျတ်​ကို​သတ်​ဖြတ်​လိုက်​၏။ ဂေါ​လျတ် ၏​လှံ​ရိုး​သည်​ယက်​ကန်း​လက်​လိပ်​တန် တ​မျှ​ကြီး​သ​တည်း။

ရဲ​ဘော်​သုံး​ကျိပ်​ဝင်​အ​ခြား​သူ​ရဲ​ကောင်း များ​ကို​ဖော်​ပြ​အံ့။ ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ၊ ဗက်​လင်​မြို့​နေ​ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်၊ ဟ​ရော​ဒိ​မြို့​သား၊ ရှမ္မ​နှင့်​ဧ​လိ​က၊ ဖာ​လာ​တိ​မြို့​သား​ဟေ​လက် တေ​ကော​မြို့​နေ​ဣ​ကေ​ရှ​၏​သား​ဣ​ရ အ​နေ​သော​သိ​မြို့​သား​အ​ဗျေ​ဇာ၊ ဟု​ရှ​သိ​မြို့​သား​မေ​ဗုန္နဲ၊ အ​ဟော​ဟိ​မြို့​သား​ဇာ​လ​မုန်၊ နေ​တော​ဖာ​သိ​မြို့​သား​မ​ဟာ​ရဲ​နှင့် ဗာ​နာ​၏​သား​ဟေ​လက်၊ ဗင်္ယာ​မိန်​နယ်​ဂိ​ဗာ​မြို့​နေ​ရိ​ဘဲ​၏​သား​အိတ္တဲ၊ ပိ​ရ​သော​နိ​မြို့​သား​ဗေ​နာ​ယ၊ ဂါ​ရှ​အ​နီး​ရှိ​ချိုင့်​ဝှမ်း​နေ​ဟိဒ္ဒဲ၊ အ​ရ​ဗ​မြို့​သား​အ​ဗျာ​လ​ဗုန်၊ ဗာ​ဟု​မိ​မြို့​သား​အာ​ဇ​မာ​ဝက်၊ ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ၊ ယာ​ရှင်​၏​သား​များ၊ ယော​န​သန်၊ ဟာ​ရာ​ရိ​မြို့​သား​ရှမ္မ၊ အာ​ရာ​မြို့​နေ​ရှာ​ရ​၏​သား​အ​ဟိ​အံ၊ မာ​ခါ​သိ​မြို့​နေ​အ​ဟ​သ​ဘဲ​၏​သား​ဧ​လိ​ဖ၊ ဂိ​လော​မြို့​နေ​အ​ဟိ​သော​ဖေ​လ​၏​သား ဧ​လျံ၊ က​ရ​မေ​လ​မြို့​သား​ဟေ​ဇ​ရဲ၊ အာ​ရပ်​မြို့​သား​ဖာ​ရဲ၊ ဇော​ဘ​မြို့​နေ​နာ​သန်​၏​သား​ဣဂါ​လ၊ ဂဒ်​နယ်​၏​သား​ဗာ​နိ၊ အမ္မုန်​အ​မျိုး​သား​ဇေ​လက်၊ ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​၏​လက်​နက်​ကိုင် ဗေ​ရော​သိ​မြို့​သား​န​ဟာ​ရဲ၊ ဣ​သ​ရိ​မြို့​သား​ဣ​ရ​နှင့်​ဂါ​ရက်၊ ဟိတ္တိ​အ​မျိုး​သား​ဥ​ရိ​ယ၊ စ​သည်​ဖြင့်​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​စု​စု ပေါင်း​သုံး​ကျိပ်​ခု​နစ်​ယောက်​ရှိ​သ​တည်း။

သို့​ဖြစ်​၍​ယွာ​ဘ​နှင့်​ညီ​အ​ဘိ​ရှဲ​တို့​သည် ဂိ​ဗောင်​စစ်​ပွဲ​တွင် မိ​မိ​တို့​၏​ညီ​အာ​သ​ဟေ​လ အား​အာ​ဗ​နာ​သတ်​ခဲ့​သည့်​အ​တွက်​အာ ဗ​နာ​ကို​လက်​စား​ချေ​လိုက်​ကြ​သ​တည်း။

သူ​သည်​ရဲဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​မင်း​သည် သူ့​အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့် ခန့်​အပ်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ