Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 8:18

Common Language Bible

ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​သင်​တို့ သည် မိ​မိ​တို့​ကိုယ်​တိုင်​ရွေး​ချယ်​တင်​မြှောက် သည့်​ဘု​ရင်​ကြောင့်​ညည်း​ညူ​ကြ​လိမ့်​မည်။ သို့ သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏ ညည်း​ညူ​သံ​ကို​နား​ညောင်း​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​သ​တိ​ပေး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အ​ပေါ်​လေး​လံ သော​ထမ်း​ပိုး​ကို​တင်​၏။ ငါ​မူ​ကား​ထို​ထက်​ပင် ပို​၍​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​အံ့။ သူ​သည် သင်​တို့​အား​ကြိမ်​လုံး​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ပြန်​ပြော​သင့်​ပါ​သည်'' ဟု​လျှောက်​ကြ​၏။

အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။

ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။

သူ​တို့​သည်``ကယ်​တော်​မူ​ပါ'' ဟု အော်​ဟစ်​ကြ​သော်​လည်း၊သူ​တို့​အား အ​ဘယ်​သူ​မျှ​မ​ကယ်​နိုင်​ပါ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ထား​ကြ​သော်​လည်း​ကိုယ်​တော်​သည် သူ​တို့​အား​ထူး​တော်​မ​မူ​ပါ။

ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။

``သင်​တို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော​အ​ခါ ငါ​သည်​သင်​တို့​အား​လှည့်​၍​ကြည့်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​၏​လက်​များ​သည်​အ​ပြစ်​သွေး​စွန်း​လျက်​နေ​သ​ဖြင့် သင်​တို့​အ​ဘယ်​မျှ​ပင်​ပြင်း​ပြ​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​သော်​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မ​ကယ်​နိုင် လောက်​အောင်​အား​အင်​ချည့်​နဲ့​တော်​မူ​သည် မ​ဟုတ်။ ကူ​မ​တော်​မူ​ပါ​ဟု​သင်​တို့​ဟစ်​အော် တောင်း​လျှောက်​သံ​ကို​မ​ကြား​နိုင်​လောက်​အောင် နား​မ​လေး။-

လူ​တို့​သည်​မိ​မိ​တို့​ပြည်​တွင်​စိတ်​ပျက်​အား လျော့​လျက် ဆာ​လောင်​မွတ်​သိပ်​လျက်​သွား​လာ ရကြ​လိမ့်​မည်။ သူ​တို့​သည်​ဆာ​လောင်​မွတ်​သိပ် မှု​နှင့်​အ​မျက်​ထွက်​မှု​တို့​ကြောင့်​မိ​မိ​တို့​၏ ဘု​ရင်​နှင့် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ကို​ကျိန် ဆဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ကောင်း​ကင်​သို့ မျှော်​ကြည့်​သည့်​အ​ခါ​သော်​လည်း​ကောင်း၊-

သူ​တို့​သည်​သစ်​ခက်​ကို​နှာ​ခေါင်း​တွင်​ကပ်​လျက် ငါ့​အား​စော်​ကား​ကြ​ပုံ​ကို​ကြည့်​လော့။ ငါ​၏​အ​မျက်​ဒဏ်​ကို​သူ​တို့​သည်​အ​ပြည့်​အ​ဝ​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ့​ထံ​သို့​အ​စွမ်း​ကုန်​အော်​ဟစ်​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​မည်​ဖြစ်​သော်​လည်း ငါ​သည်​နား​ညောင်း​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ် တောင်း​လျှောက်​ရ​သော​အ​ချိန်​ရောက်​လာ​လိမ့် မည်။ ထို​အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​သည် မ​ကောင်း​မှု​ကို​ပြု​သော​ကြောင့်​ကိုယ်​တော်​သည် သင်​တို့​၏​တောင်း​လျှောက်​သံ​ကို​နား​ညောင်း တော်​မူ​မည်​မ​ဟုတ်။

အိမ်​ရှင်​သည်​ထ​လျက်​တံ​ခါး​ကို​ပိတ်​လိုက်​၍ သင် တို့​သည်​အိမ်​ပြင်​မှာ​ရောက်​ရှိ​နေ​ရ​သော​အ​ဖြစ် နှင့်​တွေ့​ကြုံ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​က `အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​တံ​ခါး​ကို​ဖွင့်​ပေး​တော် မူ​ပါ' ဟု​ဆို​၍​တံ​ခါး​ကို​ခေါက်​သော်​လည်း အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ​သည်​ကို​ငါ မ​သိ' ဟု​ဆို​လိမ့်​မည်။-

သူ​သည်​သင်​တို့​သိုး​အုပ်​များ​၏​ဆယ်​ပုံ​တစ် ပုံ​ကို​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင် လျှင်​သူ​၏​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ