Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 8:17

Common Language Bible

သူ​သည်​သင်​တို့​သိုး​အုပ်​များ​၏​ဆယ်​ပုံ​တစ် ပုံ​ကို​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင် လျှင်​သူ​၏​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

``အ​ရှင့်​ခ​မည်း​တော်​ရှော​လ​မုန်​သည်​ကျွန်ုပ်​တို့ အ​ပေါ်​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​တော်​မူ​ခဲ့ ပါ​၏။ အ​ရှင်​သည်​ထို​လေး​လံ​သော​ထမ်း​ပိုး​နှင့် ပင်​ပန်း​သော​ဝန်​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့ အား​နေ​သာ​ထိုင်​သာ​ရှိ​အောင်​ပြု​တော်​မူ​မည်​ဆို ပါ​က အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင့်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။

သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သည်​မိ​မိ​သိမ်း​ယူ​ရ​ရှိ​ခဲ့ သည့်​ဥစ္စာ​ပစ္စည်း​များ​၏​ဆယ်​ပုံ​တစ်​ပုံ​ကို​သူ့​အား ပေး​လှူ​၏။ (မေ​လ​ခိ​ဇေ​ဒက်​ဟူ​သော​နာ​မည်​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​မှာ``တ​ရား​မင်း'' ဟူ​၍​ဖြစ်​၏။ သူ​သည်​ရှာ​လင်​မြို့​၏​မင်း​လည်း​ဖြစ်​သ​ဖြင့် သူ​၏​နာ​မည်​သည်``ငြိမ်း​ချမ်း​ရေး​ဘု​ရင်'' ဟု လည်း​အ​နက်​အ​ဋ္ဌိပ္ပါယ်​ရ​လေ​သည်။-)

ဂေါ​လျတ်​သည်​ရပ်​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ လာ​ကြ​သနည်း။ စစ်​တိုက်​ရန်​လော။ အ​ချင်း​ရှော​လု ၏​ကျွန်​တို့၊ ငါ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​ဖြစ်​၏။ ငါ​နှင့်​စစ်​ထိုး​ရန်​သင်​တို့​အ​ထဲ​မှ​လူ​တစ် ယောက်​ကို​ရွေး​ချယ်​ကြ​လော့။-

သင်​တို့​၏​အ​စေ​ခံ​များ၊ အ​ကောင်း​ဆုံး​သော နွား​များ နှင့်​မြည်း​များ​ကို​သိမ်း​ယူ​ကာ​မိ​မိ​အ​ဖို့ ခိုင်း​စေ​အ​သုံး​ပြု​လိမ့်​မည်။-

ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​သင်​တို့ သည် မိ​မိ​တို့​ကိုယ်​တိုင်​ရွေး​ချယ်​တင်​မြှောက် သည့်​ဘု​ရင်​ကြောင့်​ညည်း​ညူ​ကြ​လိမ့်​မည်။ သို့ သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏ ညည်း​ညူ​သံ​ကို​နား​ညောင်း​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​သ​တိ​ပေး​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ