၁ ရာ 4:19Common Language Bibleဧလိ၏ချွေးမ၊ ဖိနဟတ်၏ဇနီးသည် ကိုယ် ဝန်အရင့်အမာရှိ၍မွေးဖွားချိန်ပင်နီး ကပ်၍နေလေပြီ။ သူသည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော် ရန်သူတို့လက်သို့ ကျရောက်သွားသည့်အကြောင်းကိုလည်းကောင်း၊ မိမိ၏ယောက္ခမနှင့်ခင်ပွန်းတို့ကွယ်လွန်သွား ကြသည့်အကြောင်းကိုလည်းကောင်း ကြားရ သောအခါရုတ်တရက်သားဖွားခြင်းဝေဒနာ ခံရ၍ကလေးမျက်နှာမြင်လေ၏။- အခန်းကိုကြည့်ပါ။ |
ဧလိသည်ပဋိညာဉ်သေတ္တာတော်အကြောင်းကို ကြားသောအခါ တံခါးအနီးရှိထိုင်ခုံပေါ်မှ နောက်ပြန်လဲကျသွားတော့၏။ သူသည်လွန်စွာ အိုမင်း၍ဝလွန်းသောကြောင့် ယင်းသို့လဲကျရာ ၌လည်ကုတ်ကျိုး၍သေလေ၏။ သူသည်အနှစ် လေးဆယ်တိုင်တိုင်ဣသရေလအမျိုးသား တို့အား ဦးစီးခေါင်းဆောင်လုပ်ခဲ့သူဖြစ် သတည်း။