Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 4:18

Common Language Bible

ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​ကြောင်း​ကို ကြား​သော​အ​ခါ တံ​ခါး​အ​နီး​ရှိ​ထိုင်​ခုံ​ပေါ်​မှ နောက်​ပြန်​လဲ​ကျ​သွား​တော့​၏။ သူ​သည်​လွန်​စွာ အို​မင်း​၍​ဝ​လွန်း​သော​ကြောင့် ယင်း​သို့​လဲ​ကျ​ရာ ၌​လည်​ကုတ်​ကျိုး​၍​သေ​လေ​၏။ သူ​သည်​အ​နှစ် လေး​ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ဦး​စီး​ခေါင်း​ဆောင်​လုပ်​ခဲ့​သူ​ဖြစ် သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ဘုန်း​အ​သ​ရေ​တော်​တည်​ရာ တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ရာ အိမ်​တော်​ကို​နှစ်​သက်​မြတ်​နိုး​ပါ​၏။

ငါ့​ရန်​သူ​များ​က``သင်​၏​ဘု​ရား​သည် အ​ဘယ်​မှာ​နည်း''ဟု​ငါ့​အား​အ​ဖန်​တ​လဲ​လဲ မေး​မြန်း​သ​ဖြင့် သူ​တို့​၏​စော်​ကား​မှု​ကြောင့်​ငါ​သည်​အ​လွန်​ပင် စိတ်​ပျက်​အား​လျော့​ရ​ပါ​၏။

ငါ​သည်​နေ့​ရော​ည​ပါ​ငို​ကြွေး​ရ​သ​ဖြင့် မျက်​ရည်​များ​သည်​ငါ​၏​အ​စား​အ​စာ​ဖြစ် တော့​၏။ ရန်​သူ​တို့​က​ငါ့​အား``သင်​၏​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​အ​စဉ်​ပင် မေး​လျက်​နေ​ကြ​၏။

ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​ကို​စွဲ​လမ်း​မှု​သည် ကျွန်​တော်​မျိုး​၏​စိတ်​အ​တွင်း​၌​မီး​ကဲ့​သို့ ဟုန်း​ဟုန်း​တောက်​လောင်​လျက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို​သော စ​ကား​များ​သည်​ကျွန်​တော်​မျိုး​အား​စော်​ကား ပြော​ဆို​သော​စ​ကား​များ​ဖြစ်​ပါ​၏။

ထို​အ​ခါ​မော​ရှေ​က​အာ​ရုန်​အား``ထာ​ဝ​ရ ဘု​ရား​က`ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ အ​ပေါင်း​တို့​သည် ငါ​၏​သန့်​ရှင်း​ခြင်း​ဂုဏ်​တော် ကို​ရို​သေ​လေး​စား​ရ​ကြ​မည်။ ငါ​၏​လူ​မျိုး တော်​အား​ငါ့​ဘုန်း​အ​သ​ရေ​ကို​ပေါ်​လွင်​ထင် ရှား​စေ​မည်' ဟူ​၍​မိန့်​တော်​မူ​ရာ​ဤ​အ​မှု​ကို ရည်​ဆောင်​၍​မိန့်​တော်​မူ​ခြင်း​ဖြစ်​သည်'' ဟု ဆို​လေ​၏။ ထို​အ​ခါ​အာ​ရုန်​သည်​တိတ် ဆိတ်​စွာ​နေ​လေ​၏။

ရှံ​ဆုန်​သည်​လည်း​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ကြီး​စိုး​နေ​ချိန်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အ​နှစ်​နှစ်​ဆယ်​တိုင်​တိုင်​ခေါင်း ဆောင်​ခဲ့​လေ​သည်။

ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက် လွန်​စွာ​စိုး​ရိမ်​ပူ​ပန်​သ​ဖြင့် လမ်း​နံ​ဘေး​ရှိ မိ​မိ​၏​ထိုင်​ခုံ​ပေါ်​တွင်​ထိုင်​ကာ​အ​ကြောင် သား​ငေး​၍​နေ​၏။ ပြေး​လာ​သော​သူ​သည်​စစ် ရှုံး​သည့်​သ​တင်း​ကို မြို့​ထဲ​တွင်​ပြော​ကြား လိုက်​ရာ​လူ​အ​ပေါင်း​တို့​သည်​ထိတ်​လန့် လျက်​ဟစ်​အော်​ကြ​ကုန်​၏။-

သ​တင်း​ယူ​ဆောင်​လာ​သူ​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ရှေ့​တွင်​တပ်​လန်​၍​ထွက်​ပြေး​ကြ​ပါ​၏။ ဤ စစ်​ပွဲ​တွင်​အ​ကျွန်ုပ်​တို့​သည် အ​ကြီး​အ​ကျယ် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​သည်​တ​ကား။ ထို့​အ​ပြင် အ​ရှင်​၏​သား​ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် အ​သတ်​ခံ​ရ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​သည်​လည်း ရန်​သူ​များ​၏ လက်​သို့​ကျ​ရောက်​သွား​ပါ​၏'' ဟု​လျှောက်​၏။

ဧ​လိ​၏​ချွေး​မ၊ ဖိ​န​ဟတ်​၏​ဇ​နီး​သည် ကိုယ် ဝန်​အ​ရင့်​အ​မာ​ရှိ​၍​မွေး​ဖွား​ချိန်​ပင်​နီး ကပ်​၍​နေ​လေ​ပြီ။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ရန်​သူ​တို့​လက်​သို့ ကျ​ရောက်​သွား​သည့်​အ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​၏​ယောက္ခ​မ​နှင့်​ခင်​ပွန်း​တို့​ကွယ်​လွန်​သွား ကြ​သည့်​အ​ကြောင်း​ကို​လည်း​ကောင်း ကြား​ရ သော​အ​ခါ​ရုတ်​တ​ရက်​သား​ဖွား​ခြင်း​ဝေ​ဒ​နာ ခံ​ရ​၍​က​လေး​မျက်​နှာ​မြင်​လေ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ