Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 31:9

Common Language Bible

သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ သူ့ ထံ​မှ​ချွတ်​ယူ​သော​လက်​နက်​တန်​ဆာ​များ​နှင့် တ​ကွ ဖိ​လိတ္တိ​ပြည်​ရှိ​မိ​မိ​တို့​၏​နတ်​ဘု​ရား ရုပ်​တု​များ​နှင့် မိ​မိ​တို့​၏​အ​မျိုး​သား​များ ထံ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန်​လူ လွှတ်​ပေး​ပို့​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်း အာ​ရှ​ကေ​လုန်​မြို့​လမ်း​များ​ပေါ်​၌​သော်​လည်း ကောင်း မ​ပြော​ကြား​ကြ​နှင့်။ ဖိ​လိတ္တိ​အ​မျိုး​သ​မီး​တို့​ဝမ်း​မြောက်​ခွင့်​မ​ရ ကြ​စေ​နှင့်။ ဘု​ရား​မဲ့​သူ​တို့​၏​သ​မီး​များ​ရွှင်​မြူး​ခွင့်​မရ ကြ​စေ​နှင့်။

သူ​သည်​ဂေါ​လျတ်​ရှိ​ရာ​သို့​ပြေး​ပြီး​နောက် သူ့​ကို ခြေ​နှင့်​နင်း​ကာ​သူ​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ဆွဲ​ထုတ် ပြီး​လျှင် ခေါင်း​ကို​ဖြတ်​၍​သတ်​လေ​တော့​သည်။ ဖိ​လိတ္တိ​အ​မျိုး​သား​များ​သည် မိ​မိ​တို့​သူ​ရဲ ကောင်း​ကြီး​ကျ​ဆုံး​သွား​သည်​ကို​မြင်​ကြ သော​အ​ခါ​ထွက်​ပြေး​ကြ​ကုန်​၏။-

ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​၏​ဦး​ခေါင်း​ကို​ယူ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​သွား​၏။ ဂေါ လျတ်​၏​လက်​နက်​များ​ကို​မူ​မိ​မိ​၏​တပ် စ​ခန်း​တွင်​သိမ်း​ဆည်း​ထား​၏။

မင်း​ကြီး​သည်​လက်​နက်​ဆောင်​လူ​ငယ်​အား``ဤ ဘု​ရား​မဲ့​သူ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​နှစ် ထောင်း​အား​ရ​ဖြစ်​လျက် ငါ့​ကို​ညှင်း​ဆဲ​သတ် ဖြတ်​မှု​မ​ပြု​နိုင်​စေ​ရန် သင်​သည်​မိ​မိ​၏​ဋ္ဌား ကို​ထုတ်​၍​ငါ့​အား​သတ်​ပါ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ကြောက်​အား​ကြီး သ​ဖြင့် မ​သတ်​ရဲ​သော​ကြောင့်​ရှော​လု​သည် မိ​မိ​၏​ဋ္ဌား​ကို​ယူ​၍​ထောင်​ပြီး​လျှင် ထို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​လျက်​သေ​လေ​သည်။-

တိုက်​ပွဲ​ဖြစ်​ပြီး​နောက်​တစ်​နေ့​၌​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် လူ​သေ​အ​လောင်း​တို့ ထံ​မှ​ပစ္စည်း​တန်​ဆာ​များ​ကို​ချွတ်​ရန်​ရောက် ရှိ​လာ​ကြ​ရာ ဂိ​လ​ဗော​တောင်​ထိပ်​တွင်​လဲ ၍​သေ​နေ​သော​ရှော​လု​နှင့်​သား​တော်​သုံး​ပါး ကို​တွေ့​ရှိ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ