၁ ရာ 31:8Common Language Bibleတိုက်ပွဲဖြစ်ပြီးနောက်တစ်နေ့၌ဖိလိတ္တိ အမျိုးသားတို့သည် လူသေအလောင်းတို့ ထံမှပစ္စည်းတန်ဆာများကိုချွတ်ရန်ရောက် ရှိလာကြရာ ဂိလဗောတောင်ထိပ်တွင်လဲ ၍သေနေသောရှောလုနှင့်သားတော်သုံးပါး ကိုတွေ့ရှိကြ၏။- အခန်းကိုကြည့်ပါ။ |
``ဂိလဗောတောင်ကုန်းများပေါ်၌ မိုးမရွာနှင်းမကျပါစေနှင့်။ ထိုတောင်ကုန်းများမှလယ်ယာများသည် ထာဝစဉ်အသီးအနှံကင်းမဲ့ပါစေသော။ အဘယ်ကြောင့်ဆိုသော်ထိုအရပ်သည် သူရဲကောင်းတို့၏ဒိုင်းလွှားများအသရေ ပျက်၍ ကျန်ရစ်ရာ၊ ရှောလု၏ဒိုင်းလွှားသံချေးတက်လျက်နေရာ ဖြစ်သောကြောင့်တည်း။
ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။-