၁ ရာ 25:39Common Language Bibleဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။- အခန်းကိုကြည့်ပါ။ |
ငါတို့သည်အပြစ်ကူးလွန်ခဲ့သောကြောင့် အခိုက်အတန့်အားဖြင့် ထာဝရဘုရား ၏အမျက်တော်ဒဏ်ကိုခံရကြမည်။ သို့ ရာတွင်နောက်ဆုံး၌ကိုယ်တော်သည် ငါတို့ အမှုကိုလျှောက်လဲ၍တရားမျှတစွာ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။ ကိုယ်တော် သည်ငါတို့အားအလင်းထဲသို့ထုတ်ဆောင် တော်မူလိမ့်မည်။ ငါတို့အားကိုယ်တော် ကယ်တင်တော်မူခြင်းကိုငါတို့ဒိဌ မြင်ရလိမ့်မည်။-
သင်တို့သည်ဒုစရိုက်ကိုရှောင်ကြဉ်ကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းပတ္ထနာ ပြု၏။ ဤသို့ပြုရခြင်းမှာငါတို့သည်မိမိ တို့ကိုယ်ကိုအောင်မြင်သူများဖြစ်ကြောင်း ပေါ်လွင်စေလို၍မဟုတ်။ ငါတို့သည်မအောင် မြင်သူများဖြစ်ဟန်တူလျက်ပင်သင်တို့အား ကောင်းမြတ်သည့်အမှုကိုပြုကျင့်စေရန် ဆုတောင်းပတ္ထနာပြု၏။-
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အားအကုန်အစင်သန့်ရှင်းဖြူစင်စေ တော်မူပါစေသော။ ငါတို့အရှင်သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၌ သင်တို့ သည်အပြစ်ဆိုဖွယ်မရှိကြစေရန်ဘုရား သခင်သည် သင်တို့၏ကိုယ်စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေသော။-
ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-
ထာဝရဘုရားသည်သင့်အားဘေးအန္တရာယ် မပြုမိစေရန်လည်း ငါ့အားဆီးတားတော်မူ လေပြီ။ သို့ရာတွင်အကယ်၍သင်သည်ငါ့ထံ သို့အလျင်အမြန်မရောက်လာပါမူ နက်ဖြန် နံနက်မတိုင်မီနာဗလ၏လူအပေါင်းတို့အား ငါသတ်မိမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆို၏'' ဟုပြော၏။-