Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 25:38

Common Language Bible

ဆယ်​ရက်​ခန့်​ကြာ​သော်​ထာ​ဝ​ရ​ဘု​ရား​ဒဏ် ခတ်​တော်​မူ​သ​ဖြင့်​နာ​ဗ​လ​ကွယ်​လွန်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​အမျက် ထွက်​တော်​မူ​သ​ဖြင့် သြ​ဇ​အား​ရို​သေ​မှု ကင်း​မဲ့​သည့်​အ​တွက်​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။ သို့​ဖြစ်​၍​သြ​ဇ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ၏​အ​နီး​တွင်​သေ​လေ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​သြ​ဇိ​အား​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​စေ​တော်​မူ​သ​ဖြင့် သူ​သည်​သေ သည့်​တိုင်​အောင်​ထို​ရော​ဂါ​ကို​ခံ​စား​ရ​၏။ သို့ ဖြစ်​၍​သား​တော်​ယော​သံ​အား တိုင်း​ပြည်​အုပ် ချုပ်​မှု​တာ​ဝန်​ကို​လွှဲ​အပ်​ပြီး​လျှင် သီး​ခြား အိမ်​တော်​တွင်​စံ​တော်​မူ​ရ​လေ​သည်။-

ထို​ည​၌​ထာ​ဝရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား​တစ်​သိန်း ရှစ်​သောင်း​ငါး​ထောင်​ကို​ဒဏ်​ခတ်​သ​ဖြင့် နောက် တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌​ထို​သူ​အ​ပေါင်း တို့​သည်​သေ​လျက်​နေ​ကြ​၏။-

မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​နေ​ဗတ်​၏​သား​ယေ​ရော ဗောင်​အား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော် အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ထာ​ဝ​ရ အရှင်​ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။

အ​ဘိ​ယ​လက်​ထက်​၌​ယေ​ရော​ဗောင်​သည် တန်​ခိုး​အာ​ဏာ​ဆုတ်​ယုတ်​လျက်​နေ​၏။ နောက် ဆုံး​၌​ထာ​ဝရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ကွယ်​လွန်​လေ​သည်။

ကိုယ်​တော်​ရှင်​သည်​သူ​တို့​ထံ​မှ မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​သော​အ​ခါ သူ​တို့​သည်​သေ​၍​မြေ​မှုန့်​အ​ဖြစ်​သို့​ပြန်​လည် ရောက်​ရှိ​သွား​ရ​ကြ​ပါ​၏။

သူ​တို့​သည်​ချက်​ချင်း​ပင်​သေ​ကြေ​ပျက်​စီး ကြ​ပါ​၏။ သူ​တို့​၏​နောက်​ဆုံး​ဖြစ်​အင်​သည်​ကြောက်​မက်​ဖွယ် ကောင်း​လှ​ပါ​၏။

သန်း​ခေါင်​အ​ချိန်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ​စ​၍ ထောင်​တွင်း​ရှိ အ​ကျဉ်း​သ​မား​သား​ဦး​တိုင် အောင်​အီ​ဂျစ်​ပြည်​ရှိ​သား​ဦး​မှန်​သ​မျှ​ကို လည်း​ကောင်း၊ တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ဟူ​သ​မျှ ကို​လည်း​ကောင်း​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။-

ထို​အ​ခါ​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​မ​ထောက်​သည့်​အ​တွက် ချက်​ချင်း ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဒဏ်​ခတ်​သ​ဖြင့် သန်​ထိုး​၍​ကွယ်​လွန် တော်​မူ​လေ​သည်။

လူ​သတ်​မှု​နှင့်​လက်​စား​ချေ​မှု​တို့​ကို​မ​ပြု​မိ စေ​ရန် သင်​သည်​ယ​နေ့​အ​မြော်​အ​မြင်​ကြီး​စွာ ဖြင့် ငါ့​အား​ဆီး​တား​ခဲ့​သည့်​အ​တွက်​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​၏။-

ထို​နောက်​အ​ရက်​မူး​ပြေ​၍​လာ​သော​အ​ခါ​၌ မူ သူ့​အား​ဇ​နီး​သည်​က​ဖြစ်​သ​မျှ​သော​အ​မှု တို့​ကို​ပြော​ပြ​လေ​သည်။ ထို​အ​ခါ​သူ​သည် လေ​ဖြတ်​သ​ဖြင့်​တစ်​ကိုယ်​လုံး​မ​လှုပ်​မ​ရှား နိုင်​တော့​ချေ။-

ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​လျှင်​ရှော​လု အား ဋ္ဌမ္မ​တာ​အ​လျောက်​သေ​ချိန်​ရောက်​သည့်​အ​ခါ ၌​ဖြစ်​စေ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သော​အ​ခါ​၌​ဖြစ် စေ​ဒဏ်​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း အ​သက် ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​သိ​၏။-

လှည်း​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​စောင့်​၍ ကြည့်​လော့။ အ​ကယ်​၍​ဗက်​ရှေ​မက်​မြို့​ရှိ​ရာ​သို့ သွား​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သည် ငါ​တို့​အ​ပေါ်​သို့​ကြောက်​မက်​ဖွယ်​ရာ​ကပ် ရော​ဂါ​ကို​ကျ​ရောက်​စေ​ကြောင်း​သိ​မှတ်​ရ​မည်။ သို့​ရာ​တွင်​လှည်း​သည်​ထို​မြို့​ရှိ​ရာ​သို့​မ​သွား ခဲ့​သော် ကိုယ်​တော်​သည်​ငါ​တို့​ထံ​ကပ်​ရော​ဂါ ကို​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ကပ်​ရော​ဂါ သည်​အ​လို​အ​လျောက်​ဆိုက်​ရောက်​လာ​ခြင်း သာ​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​မည်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ