Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 23:1

Common Language Bible

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ကိ​လ​မြို့​ကို တိုက်​ခိုက်​၍ ရိတ်​သိမ်း​ပြီး​စ​ကောက်​သစ်​များ ကို​လု​ယူ​သော​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ချက်​ချင်း​ပင်​သံ၊ ရွှံ့​စေး​သ​ရွတ်၊ ကြေး​ဝါ၊ ငွေ​နှင့်​ရွှေ​တို့​သည်​ကြေ​မွ​၍​သွား​ပါ​၏။ ယင်း​တို့​သည်​နွေ​ရာ​သီ​ကောက်​နယ်​တ​လင်း က မြေ​မှုန့်​များ​သ​ဖွယ်​လေ​တိုက်​ရာ​သို့ လွင့်​ပါ​သွား​လေ​သည်။ အ​စ​အ​န​တစ်​စုံ တစ်​ရာ​မျှ​ပင်​မ​ကျန်​ခဲ့​ပါ။ သို့​ရာ​တွင် ကျောက်​ခဲ​ကြီး​မူ​ကား​ကမ္ဘာ​မြေ​တစ်​ပြင် လုံး​ကို​လွှမ်း​မိုး​သည့်​တောင်​ကြီး​ဖြစ်​လာ ပါ​၏။

ငါ​သည်​သင်​တို့​အား​ဒဏ်​ခတ်​မည်။ ကု​သ​၍​မ​ရ နိုင်​သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း၊ မျက်​စိ ကွယ်​ခြင်း၊ အား​အင်​ကုန်​ခန်း​ခြင်း​ကို​ဖြစ်​စေ သော​ရော​ဂါ​ဝေ​ဒ​နာ​ကို​လည်း​ကောင်း သင်​တို့ အား​ခံ​စား​စေ​မည်။ သင်​တို့​သည်​အ​သီး​အ​နှံ များ​ကို​စိုက်​ပျိုး​သော်​လည်း အ​ကျိုး​ကျေး​ဇူး ခံ​စား​ရ​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​၏​ရန်​သူ​များ​သည် သင်​တို့​ကို​တိုက် ခိုက်​အောင်​မြင်​၍​သင်​တို့​စိုက်​ပျိုး​သော အ​သီး​အ​နှံ​များ​ကို​စား​ကြ​မည်​ဖြစ် သော​ကြောင့်​တည်း။-

သင်​တို့​သည်​ကောက်​ပဲ​သီး​နှံ​ကို​စိုက်​ပျိုး​သော် လည်း အ​သီး​အ​နှံ​ကို​မ​ရိတ်​သိမ်း​ရ။ သင်​တို့ သည်​သံ​လွင်​ဆီ​ကြိတ်​သော်​လည်း​ဆီ​ကို​မ သုံး​ရ။ စ​ပျစ်​သီး​ကို​နယ်​သော်​လည်း​စ​ပျစ် ရည်​ကို​မ​သောက်​ရ။-

သင်​တို့​ပင်​ပန်း​ကြီး​စွာ​စိုက်​ပျိုး​ရ​သော အ​သီး​အ​နှံ​အား​လုံး​ကို အ​ခြား​တစ်​နိုင်​ငံ သား​တို့​က​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​အ​မြဲ​ခံ​ရ​ရုံ​မှ တစ်​ပါး မည်​သည့်​အ​ကျိုး​အ​မြတ်​ကို​မျှ ခံ​စား​ရ​လိမ့်​မည်​မ​ဟုတ်။-

သူ​တို့​သည်​သင်​တို့​၏​အ​စား​အ​စာ​ဖြစ် သော​သိုး​နွား​များ​နှင့် အ​သီး​အ​နှံ​များ​ကို စား​သုံး​ကြ​သ​ဖြင့်​သင်​တို့​သည်​အ​စာ​ငတ် ၍​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သင်​တို့​၏ စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သိုး​နွား​တို့ ကို​အ​ကုန်​စား​သုံး​လိုက်​ကြ​သ​ဖြင့် သင် တို့​အ​စာ​ငတ်​၍​သေ​ရ​ကြ​လိမ့်​မည်။-

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သြ​ဖ​ရ​ရွာ​သို့​လာ​၍ အ​ဗျေ​ဇာ​သား​ချင်း စု​ဝင်​တစ်​ဦး​ဖြစ်​သူ၊ ယော​ရှ​၏​သ​ပိတ်​ပင် အောက်​၌​ထိုင်​လေ​သည်။ ယော​ရှ​၏​သား​ဂိ​ဒေါင် သည် မိ​မိ​အား​မိ​ဒျန်​အ​မျိုး​သား​တို့​မ​တွေ့ မ​မြင်​နိုင်​စေ​ရန် စ​ပျစ်​သီး​နယ်​ရာ​ကျင်း​တွင် ဂျုံ​စပါး​နယ်​လျက်​နေ​၏။-

သူ​တို့​သည်​ဣ​သ​ရေ​လ​မြေ​ပေါ်​တွင်​တပ်​စ​ခန်း ချ​၍ တောင်​ဘက်​ရှိ​ဂါ​ဇ​မြို့​တစ်​ဝိုက်​မြေ​ယာ​များ တိုင်​အောင် အ​သီး​အ​နှံ​တို့​ကို​ဖျက်​ဆီး​ပစ်​တတ် ကြ​၏။ သူ​တို့​သည်​သိုး​နွား​မြည်း​မှ​စ​၍​ရှိ​သ​မျှ ကို​သိမ်း​ယူ​ကြ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​အ​ဘယ်​စား​စ​ရာ​မျှ​မ​ကျန်​တော့ ချေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ