Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ 22:23

Common Language Bible

သင်​၏​အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​သော​သူ သည် ငါ​၏​အ​သက်​အန္တ​ရာယ်​ကို​လည်း​ရှာ​ကြံ ၏။ သို့​ရာ​တွင်​သင်​သည်​ငါ​နှင့်​အ​တူ​နေ​လျှင် လုံ​ခြုံ​လိမ့်​မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က​လည်း``မ​ကြောက်​နှင့်​ငါ​သည်​သင်​၏ ဖ​ခင်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက်​၍​သင့် အား​ကျေး​ဇူး​ပြု​မည်။ သင်​၏​အ​ဖိုး​ရှော​လု ပိုင်​ဆိုင်​ခဲ့​သည့်​မြေ​ယာ​မှန်​သ​မျှ​ကို​သင့် အား​ပြန်​၍​ပေး​မည်။ သင့်​အား​ငါ့​စား​ပွဲ တွင်​နေ့​စဉ်​စား​သောက်​ခွင့်​ကို​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​သည်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​နှင့်​တိုင်​ပင်​ရာ ထို​သူ​တို့​က သူ့​အား​ကူ​ညီ​ရန်​သ​ဘော​တူ​ကြ​၏။-

ထို့​နောက်​ရှော​လ​မုန်​မင်း​သည် ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား``အာ​န​သုတ်​မြို့​ရှိ​သင်​၏ ကျေး​လက်​နေ​အိမ်​သို့​သွား​လော့။ သင်​သည် သေ​ဒဏ်​ခံ​ထိုက်​သူ​ဖြစ်​ပေ​သည်။ သို့​ရာ​တွင် သင်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ၊ မင်း​ကြီး​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​ကို​ခံ​ခဲ့​သူ​ဖြစ်​သ​ဖြင့် ယ​ခု​သင့်​အား​ငါ​မ​သတ်​လို​ပြီ'' ဟု မိန့်​တော်​မူ​၏။-

``ထို​နောက်​လူ​တို့​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ် ခံ​ရ​ကြ​စေ​ရန်​နှင့်​အ​သတ်​ခံ​ရ​ကြ​စေ​ရန် အာ​ဏာ​ပိုင်​တို့​ထံ​သို့​ပေး​အပ်​ကြ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​သည်​ငါ​၏​နာ​မ​ကြောင့်​သင် တို့​ကို​မုန်း​ကြ​လိမ့်​မည်။-

ကျွန်​သည်​သ​ခင်​ထက်​ကြီး​မြတ်​သည်​မ​ဟုတ်​ဟု သင်​တို့​အား​ငါ​ပြော​ခဲ့​သည်​ကို​သ​တိ​ရ​ကြ​လော့။ လော​က​သား​တို့​သည်​ငါ့​ကို​ညှဉ်း​ပန်း​ခဲ့​ကြ​လျှင် သင်​တို့​ကို​လည်း​ညှဉ်း​ပန်း​ကြ​လိမ့်​မည်။ သူ​တို့ သည်​ငါ့​စ​ကား​ကို​လိုက်​နာ​လျှင် သင်​တို့​၏ စ​ကား​ကို​လည်း​လိုက်​နာ​ကြ​လိမ့်​မည်။-

အ​ကျွန်ုပ်​သည်​သူ​တို့​နှင့်​အ​တူ​ရှိ​စဉ်​သူ​တို့ ကို​ကာ​ကွယ်​စောင့်​ရှောက်​ခဲ့​ပါ​၏။ ကျမ်း​စာ​တော် လာ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပျက်​စီး​ရ မည့်​သူ​တစ်​ဦး​မှ​လွဲ​၍ အ​ခြား​မည်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ပျက်​စီး​မှု​မ​ရှိ​ခဲ့​ပါ။-

(ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ ``ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ဆုံး​ပါး ပျက်​စီး​မှု​မ​ရှိ​ပါ'' ဟု​ယ​ခင်​က​ကိုယ်​တော် မြွက်​ဆို​ခဲ့​သည့်​အ​တိုင်း​ဖြစ်​ပျက်​လာ​စေ​ရန် ပင်​တည်း။)

``မ​ကြောက်​ပါ​နှင့်။ ငါ​၏​ခ​မည်း​တော်​ရှော​လု သည်​သင့်​အား အ​ဘယ်​သို့​မျှ​ဘေး​အန္တ​ရာယ် ပြု​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သင်​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဖြစ်​မည်​ကို​လည်း​ကောင်း၊ ငါ သည်​သင်​၏​ညာ​လက်​ရုံး​ဖြစ်​မည်​ကို​လည်း ကောင်း​သူ​ကောင်း​စွာ​သိ​ပါ​၏'' ဟု​ပြော ကြား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ