၁ ရာ 21:11Common Language Bibleဘုရင့်မှူးမတ်တို့က``ဤဒါဝိဒ်ဆိုသူသည် ဣသရေလဘုရင်ပင်မဟုတ်ပါလော။ အမျိုး သမီးတို့သည်ကခုန်ကာ`ရှောလုသတ်သူ အထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသူ၏အကြောင်းကိုသီချင်းဆို ခဲ့ကြသည်မဟုတ်ပါလော'' ဟုလျှောက် ထားကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။