ထိုနေ့၌ဒါဝိဒ်သည်ရှောလုထံမှတိမ်း ရှောင်ကာ ဂါသဘုရင်အာခိတ်မင်းထံသို့ သွား၏။-
ဧလိယသည်ကြောက်သဖြင့် အသက်ဘေးမှ လွတ်ရန်ထွက်ပြေးလေ၏။ သူသည်မိမိ၏ အစေခံကိုခေါ်၍ယုဒပြည်၊ ဗေရရှေဘ မြို့သို့သွား၏။ ထိုမြို့တွင်အစေခံကိုထားခဲ့ပြီးလျှင်၊-
အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်တိုက်ခိုက်ခြင်းကိုခံနေရသဖြင့် ကျွန်တော်မျိုးကိုသနားတော်မူပါ။ ရန်သူများသည်ကျွန်တော်မျိုးအားနေ့ရှိသမျှ ညှဉ်းဆဲနှိပ်စက်ကြပါ၏။
သူ၏စကားကိုယောယကိမ်မင်းနှင့်သူ၏ မှူးမတ်များနှင့်စစ်သည်တော်များကြားသော အခါ မင်းကြီးသည်သူ့အားကွပ်မျက်ရန် ကြိုးစား၏။ သို့ရာတွင်ဥရိယသည်ထိုသတင်း ကိုကြားသဖြင့်ကြောက်၍အီဂျစ်ပြည်သို့ ထွက်ပြေးသွားလေသည်။-
ရှောလုနှင့်ဣသရေလအမျိုးသားများသည် လည်းစုရုံး၍ ဝက်သစ်ချချိုင့်ဝှမ်းတွင်တပ်ချ ပြီးလျှင်ဖိလိတ္တိတပ်သားတို့အားတိုက်ခိုက် ရန်အသင့်ပြင်ဆင်ကြ၏။-
သူသည်ဂေါလျတ်ရှိရာသို့ပြေးပြီးနောက် သူ့ကို ခြေနှင့်နင်းကာသူ၏ဋ္ဌားကိုဋ္ဌားအိမ်မှဆွဲထုတ် ပြီးလျှင် ခေါင်းကိုဖြတ်၍သတ်လေတော့သည်။ ဖိလိတ္တိအမျိုးသားများသည် မိမိတို့သူရဲ ကောင်းကြီးကျဆုံးသွားသည်ကိုမြင်ကြ သောအခါထွက်ပြေးကြကုန်၏။-
အဟိမလက်သည်ဒါဝိဒ်အတွက်ထာဝရ ဘုရားထံတွင်စုံစမ်းလျှောက်ထားပြီးလျှင် အစားအစာကိုလည်းကောင်း၊ ဖိလိတ္တိအမျိုး သားဂေါလျတ်၏ဋ္ဌားကိုလည်းကောင်းပေး အပ်လိုက်ပါ၏'' ဟုလျှောက်လေ၏။